၄ နှစ်ဆက် ချန်ပီယံဖြစ်ဖို့မလွယ်ဘူးဆိုတဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

အောက်တိုဘာ ၂၄

    မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီ ယံဆုကို ၃ နှစ်ဆက်ရယူထားပေမယ့် ၄ နှစ်ဆက်တိုက်ရဖို့ မလွယ်ဘူးလို့ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က ပြောကြားခဲ့ပါတယ်။ အခုရာသီမှာ ပြိုင်ဘက်အသင်းတွေက ပိုမိုအင်အားတောင့်တင်းလာတာကြောင့် ဖြစ်တယ်လို့ နည်းပြ ဂွါဒီယိုလာ က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

      မန်စီးတီးအသင်းဟာ အခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်း၊ ဝုဗ်အသင်းတို့ကို ရှုံးနိမ့်ထားသလို ကာရာဘောင်ဖလား တတိယအဆင့်မှာ နယူးကာဆယ်အသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

      ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဒီရာသီမှာ အသင်းတွေက မန်စီးတီးအသင်းကို ပိုမိုသတိထားကစားနေတာကြောင့် ရလဒ်ကောင်းရရှိဖို့ကို ပိုမိုခက်ခဲလာခဲ့တယ်လို့ ဘရိုက်တန် အသင်းကို ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ ဂွါဒီယိုလာ က ပြောကြားခဲ့ပါတယ်။

#PAN