တာလီဘန်များသည် တရုတ်နိုင်ငံ၏ BRI ဖိုရမ်တွင် ပါဝင်မည်ဖြစ်ပြီး Mega Project တွင်ပါဝင်နိုင်ဖွယ်ရှိ

အောက်တိုဘာ ၁၈

        ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် Belt and Road Forum သို့ အာဖဂန် တာလီဘန်ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိ သူက Reuters သတင်းဌာနသို့ အောက်တိုဘာ လ ၁၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

        တာလီဘန်အစိုးရ၏ ယာယီကူးသန်းရောင်း ဝယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီး Haji Nooruddin Azizi သည် လာမည့်ရက်များအတွင်း တရုတ်နိုင်ငံ၊ ပေကျင်းမြို့သို့ သွားရောက်မည်ဖြစ်ကြောင်းနှင့် အာဖဂန်နစ္စတန်အတွက် ကြီးမားသည့် ရင်းနှီးမြှုပ်နှံသူများကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ပြော ရေးဆိုခွင့်ရှိသူ Akhundzada Abdul Salam Jawad က ပြောကြားခဲ့ပါသည်။

        Haji Nooruddin Azizi သည် တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း တရုတ်နိုင်ငံသို့
တိုက်ရိုက်ဆက်သွယ်နိုင်သော လမ်းဖောက်လုပ်မည့် အစီအစဉ်များအား ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း Akhundzada က ပြောကြားခဲ့ပါသည်။

      အဆိုပါ Forum တွင် တာလီဘန်များ ရောက်ရှိနေခြင်းသည် နိုင်ငံတကာ အသိအမှတ်ပြုမှု ကင်းမဲ့နေ သော်လည်း တရုတ်အစိုးရနှင့် တရားဝင်ဆက်ဆံရေးတိုးလာမှုအား အလေးပေးဖော်ပြခြင်း ဖြစ်ပါသည်။

      အများစုသည် အာဖဂန်နစ္စတန်အား အဓိကထား၍ တာလီဘန်တာဝန်ရှိသူများနှင့် ဝန်ကြီးများသည် ဒေသဆိုင်ရာအစည်းအဝေးများသို့ တခါတရံ သွားရောက်ခဲ့သော်လည်း Belt and Road Forum သည် ယခုအချိန်အထိ အာဖဂန်တာလီဘန်များအား တက်ရောက်ရန် ဖိတ်ကြားထားသည့် အထင်ရှားဆုံး နိုင်ငံတကာထိပ် သီးအစည်းအဝေးတစ်ခုဖြစ်ပါသည်။

       တရုတ်အစိုးရသည် ကုန်သွယ်ရေးအားမြှင့်တင်ခြင်းဖြင့် ကမ္ဘာ့ကုန်သွယ်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ ရည်မှန်းချက်ကြီးသော ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် စွမ်းအင်အစပြုမှု ၁၀ နှစ်မြောက် အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။

      သို့သော်လည်း အဆိုပါ Forum သည် တရုတ်နိုင်ငံ ၏အကူအညီအား လက်ခံရယူသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကြွေးထောင်ချောက်အဖြစ်လည်း ဝေဖန်ခံနေရပါသည်။

       ဗဟိုအာရှနိုင်ငံသည် တွင်းထွက်သယံဇာတပေါကြွယ်ဝမှု ပေးစွမ်းနိုင်သောကြောင့် အခြေခံ
အဆောက်အအုံဆိုင်ရာ ပဏာမခြေလှမ်းတွင် အာဖဂန်နစ္စတန်ပါဝင်မှုသည် တရုတ်နိုင်ငံအတွက် အကျိုးရှိ မည်ဖြစ်ပါသည်။ ၂၀၁၀ ခုနှစ်တွင် တွင်းထွက်သယံဇာတများဖြစ်ကြသည့် ကြေးနီမှ ရွှေနှင့် လစ်သီယမ်အထိ အမေရိကန်ဒေါ်လာ ၁ ထရီလီယံမှ ၃ ထရီလီယံကြား တန်ဖိုးရှိကြောင်း သတ္တုတွင်း ဝန်ကြီးဌာန၏ အချက်အလက်များအား ကိုးကားဖော်ပြခဲ့သော်လည်း ယနေ့အချိန်တွင် ၎င်းတို့၏ တန်ဖိုးမည်မျှရှိသည်အား မသိရှိနိုင်ပါ။

       တရုတ်နိုင်ငံသည် ယခင်ပြည်ပ ကျော ထောက်နောက်ခံပြု အစိုးရလက်ထက်တွင် နိုင်ငံ့အရှေ့ဘက် ခြမ်း၌ ကြေးနီမိုင်းတွင်းကြီးများ ဖွင့်လှစ်ရန် တာလီဘန်များနှင့် စတင်ဆွေးနွေးလျက်ရှိပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ် ချက်ပြု ပြောကြားခဲ့ခြင်းမရှိပါ။

        BRI စီမံကိန်းအား အာဖဂန်နစ္စတန်အား ထည့် သွင်းရန်နှင့် တရုတ် – ပါကစ္စတန် စီးပွားရေး စင်္ကြန် (CPEC)အား ပါကစ္စတန်သို့ဖြတ်ကျော်၍ အာဖဂန်နစ်စတန်သို့ တိုးချဲ့လိုကြောင်း တာလီဘန်၊ ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့မှ တာဝန်ရှိသူများက မေလတွင် ပြောကြားခဲ့ပါသည်။ အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ဆုတ်ခွာသွားချိန်မှစ၍ တာလီဘန်သည် မည်သည့် အစိုးရမှ တရားဝင်အသိအမှတ်ပြုမှုမရှိခဲ့သော် လည်း တရုတ်နိုင်ငံသည် တာလီဘန်တို့နှင့်ဆက်ဆံရေး
အား ဆက်လက်တည်ဆောက်ထားပြီး တာလီဘန်တို့မှ အစိုးရယန္တရားများအား သိမ်းယူပြီးနောက် အာဖဂန် နစ္စတန်သို့ သံအမတ်ခန့်အပ်သည့် ပထမဆုံးနိုင်ငံ ဖြစ် လာ၍ သတ္တုတူးဖော်ရေးစီမံကိန်းများတွင်လည်း ရင်းနှီးမြုပ်နှံမှုများလည်း ဖြစ်လာခဲ့ပါသည်။

       ပြီးခဲ့သည့်လတွင် တရုတ်သံအမတ်သည် တာလီဘန်၏ ယာယီဝန်ကြီးချုပ်ထံသို့ ၎င်း၏ ယုံကြည် စိတ်ချရသောအထောက်အထားများအား တင်ပြခဲ့ပါပြီး တစ်ချိန်တည်းမှာပင် အခြားနိုင်ငံများတွင် ယခင်သံတမန်များအား ၎င်းတို့၏ ရာထူးများ (သို့မဟုတ်) သံတမန်အရာရှိများအနေဖြင့် အစိုးရထံတရားဝင်တင်ပြရန် မလိုဘဲ ခန့်အပ်တာဝန်ပေးထားသော လုပ် ငန်းအဖွဲ့ အကြီးအကဲများ ရှိခဲ့ပါသည်။

#PAN