တရားမဝင် စားသောက်ကုန်၊ လူသုံးကုန်နှင့် လုပ်ငန်းသုံးပစ္စည်းများနှင့် ယာဉ်များ သိမ်းဆည်းရမိ

အောက်တိုဘာ ၁၇

       တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ အောက်တို ဘာ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် Dry Port (ရွာသာကြီး) ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ သက်ဆိုင် ရာကုမ္ပဏီမှ စွန့်လွှတ်ကြောင်း လျှောက်ထားလာသည့် UHT Full Cream Milk လီတာ၂၀၄၀၀၊ Pure Full Cream Milk၂၁၆ လီတာ အပါအဝင် ကုန်ပစ္စည်းခုနစ်မျိုး (စုစုပေါင်းခန့် မှန်းတန်ဖိုးငွေ ၁၀၅,၇၃၃,၀၉၁ ကျပ်)ကိုသိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ် နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       အောက်တိုဘာ ၁၄ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ဘားအံမြို့သို့ မောင်းနှင် လာသောယာဉ်တစ်စီးပေါ်မှတရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်း မရှိသည့် Goat Milk ရေချိုးဆပ်ပြာရည် ဘူး ၇၂၀(ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၁၄၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင် ဆောင်လာသည့် Toyota Hiace တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄,၁၄၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

        ထို့အတူ အောက်တိုဘာ ၁၄ ရက်တွင် ရှမ်း ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မယ်ယန်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာချီလိတ်မြို့ မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထား တင်ပြနိုင်ခြင်း မရှိသည့် SU-YOSO Wireless Karaoke Speaker အခု ၂၀ အပါ အဝင် ကုန်ပစ္စည်းနှစ်မျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

       ထို့ပြင် အောက်တိုဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဝေါမြို့နယ်ရဲတပ်ဖွဲ့မှ လာရောက်အပ်နှံသည့် ယာဉ်နှစ်စီးအား ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံး၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် M-150 အချိုရည် ပုလင်း ၇၅၀၀၊ Lemon Soda အချိုရည်ဘူး ၂၄၀၀၊ Prawn Hornet စားအုန်းဆီ လီတာ ၁၂၆၀ (ခန့်မှန်းတန်ဖိုးငွေ
ကျပ် ၁၂,၆၁၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင် ဆောင်လာသည့် Yutong Bus နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂,၆၁၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       အောက်တိုဘာ ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက် ခွန်အဖွဲ့က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဝန်စည်တစ်ခုအတွင်းမှ Dji Drone တစ်စုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၀,၀၀၀)ကို သိမ်း ဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       သို့ဖြစ်ပါ၍ အောက်တိုဘာ ၁၁ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၀ မှု (ခန့်မှန်းတန်ဖိုးငွေ ၂၀၈,၄၈၃,၀၉၁ ကျပ်) ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦး ဆောင်ကော်မတီမှ သိရသည်။

#PAN