ရုရှားသမ္မတပူတင် တရုတ်နိုင်ငံကိုရောက်ရှိပြီး တရုတ်သမ္မတရှီနှင့်တွေ့ဆုံရန်ရှိ

အောက်တိုဘာ ၁၇

တတိယအကြိမ်မြောက် ရပ်ဝန်နှင့်လမ်းများစီမံကိန်းဖိုရမ်သို့တက်ရောက်ရန် ဖိတ်ကြားခံရသည့် ရုရှားသမ္မတပူတင်သည် တရုတ်နိုင်ငံ ဘေဂျင်းမြို့ကိုရောက်ရှိနေကြောင်းသိရသည်။
ပူတင်၏ တရုတ်ခရီးစဉ်သည် ယူကရိန်သို့ စစ်ဆင်ရေးဆောင်ရွက်ပြီးနောက်ပိုင်း နိုင်ငံကြီးတစ်နိုင်ငံကို လူကိုယ်တိုင်ပထမဦးဆုံး သွားရောက်ခြင်းဖြစ်သည်။


တရုတ်နှင့် ရုရှားနိုင်ငံတို့သည် အကန့်အသတ်မရှိ မိတ်ဖက်ဆက်ဆံရေးကို ပုံဖော်ရန်ကတိပြုထားကြပြီး ယူကရိန်းစစ်ရေးပြဿနာကြောင့် အခက်အခဲကြုံတွေ့နေရသည့် ရုရှားနိုင်ငံအတွက် တရုတ်သည် အားထားရသည့် ကျောထောက်နောက်ခံ ဖြစ်လာခဲ့သည်။
ICJ မှ စစ်ရာဇဝတ်မှုကျူးလွန်ကြောင်း သမ္မတပူတင်အား ကြေညာခဲ့ပြီးနောက် BRIC+ အစည်းအဝေးကျင်းပရာ တောင်အာဖရိကနိုင်ငံကိုပင် မသွားခဲ့သည့် ပူတင်သည် ယခု (၂) ရက်ကြာ တရုတ်ခရီးစဉ်တွင် သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံသွားရန်ရှိကြောင်း သိရှိရသည်။

PAN