ဂါဇာအခြေအနေနှင့်စပ်လျဉ်း၍ ဆီးရီးယားသမ္မတနှင့် ရုရှားသမ္မတတို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

အောက်တိုဘာ ၁၇

       ဆီးရီးယားနိုင်ငံသမ္မတ ဘာရှားအယ်လ်အာဆတ်နှင့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်တို့သည် ဂါဇာကမ်းမြှောင်ဒေသတွင် ဖြစ်ပွားလျက်ရှိသော တိုက်ခိုက်မှုများနှင့်စပ်လျဉ်း၍ အောက်တို ဘာ ၁၆ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်၍ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် သတင်းဌာန SANA က သတင်းဖော်ပြခဲ့သည်။

        ဆီးရီးယားနိုင်ငံသမ္မတ ဘာရှားအယ်လ် အာ ဆတ်နှင့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်တို့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများ ချက်ချင်းပေးပို့ခြင်းနှင့်စပ်လျဉ်း ၍ အလေးထားဆွေးနွေးခဲ့ပြီး အစ္စရေး၏ ပစ်ခတ်မှုအား ရပ်တန့်ရန်နှင့် ဂါဇာတွင် ပါလက်စတိုင်းများ ရွှေ့ပြောင်းနေထိုင်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

      ဂါဇာကမ်းမြှောင်ဒေသတွင် အစ္စရေးစစ်တပ် ၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနိုင်ငံသားအနည်း ဆုံး ၂၇၅၀ သေဆုံးခဲ့ပြီး အစ္စရေးနိုင်ငံတွင်လည်း အောက်တိုဘာ ၁၅ ရက်အထိ သေဆုံးသူ အနည်းဆုံး ၁၂၈၄ဦးရှိကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။

#PAN