အာဖဂန်နစ္စတန်နိုင်ငံ၌ ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်

အောက်တိုဘာ ၁၆

      အာဖဂန် နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်စီရင် စု၌ အောက်တိုဘာလ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၆ မိနစ်တွင် ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒ စစ်တမ်းကဆိုသည်။ ငလျင်သက်ရောက်မှုသည် ၆ ဒသမ ၃ ကီလိုမီတာ အနက်ရှိသည်ဟု ခန့် မှန်းရသည်။

      အဆိုပါ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မိနစ် ၂၀ အကြာတွင် ပြင်းအား ၅ ဒသမ ၄ အဆင့်ရှိသော ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ မြေငလျင်ကြောင့် တစ်ဦးသေဆုံးပြီး ထိ ခိုက်ဒဏ်ရာရရှိသူ ၉၀ ဦးရှိကြောင်း သိရသည်။

       အလားတူ အောက်တိုဘာလ ၇ ရက်ကလည်း နိုင်ငံအနောက်ပိုင်းရှိ ဟီရတ်စီရင်စု၌ ပြင်းအား ၆ ဒသမ ၃ ရှိသည့် ငလျင်နှစ်ခုလှုပ်ခဲ့ပြီးနောက် လေးရက်အကြာတွင်လည်း ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့သည်။ ငလျင်များ ဆက်တိုက်လှုပ်ခတ်မှုကြောင့်လူ ၂,၀၀၀ ကျော် သေ ဆုံးပြီး အိမ်ခြေ ၂,၀၀၀ ကျော် ပြိုကျ ပျက်စီးခဲ့တယ်လို့ တာလီဘန် (ယာယီ)အစိုးရက ပြောကြားခဲ့ကြောင်း NHK သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN