မန်ယူအသင်းကို ဝယ်ယူရန် ရှိတ်ဂျက်ဆင်လက်လျှော့ရတော့မည်

အောက်တိုဘာ ၁၅

      မန်ယူအသင်းကို ဝယ်ယူရန် ကာလရှည်ကြိုးပမ်းနေတဲ့ ရှိတ်ဂျက်ဆင် ဦးဆောင်တဲ့ ကာတာဘီလျံနာအဖွဲ့ဟာ မန်ယူအသင်းအတွက် နောက်ဆုံးအကြိမ်ကမ်းလှမ်းမှုအဖြစ် အကြွေးကင်းစင်ပြီး စံချိန်တင်ငွေသားသီးသန့် ပေါင် ၅ ဘီလီယံကျော်နဲ့ ကမ်းလှမ်းခဲ့‌ပေမယ့် လက်ရှိအသင်းပိုင်ရှင်များဖြစ်တဲ့ မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုမှ ပယ်ချ ခဲ့ကြောင်း သိရပါတယ်။

        ဒါကြောင့် ကာတာဘီလျံနာအဖွဲ့အနေနဲ့ မန်ယူအသင်းကို ဝယ်ယူမယ့်အစီအစဉ်ကို အပြီးတိုင်ရပ်တန့်ခဲ့ပြီး အခြားပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းအား ဝယ်ယူရန်သာ ကြိုးပမ်းသွားတော့မှာ ဖြစ်တယ်လို့ ဗြိတိန်မီဒီယာ များက ဖော်ပြခဲ့ကြပါတယ်။

#PAN