ဇွန် ၃
Recep Tayyip Erdogan သည် ယနေ့ဇွန်လ ၃ ရက်နေ့တွင် နိုင်ငံအတွင်းကျမ်းသစ္စာကျိန်ဆိုသွား မှာဖြစ်ပြီး တူရကီ နိုင်ငံ အစိုးရ၏ ဖွဲ့စည်းပုံအရ တူရကီနိုင်ငံ သမ္မတအဖြစ် ကြေညာ သွားမှာ လည်းဖြစ်ပါတယ်။
အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ Recep Tayyip Erdogan အား မနှစ်သက်သော အမေရိကန် သံတမန်ကို စေလွှတ်ရန် အမေရိကန်နိုင်ငံအစိုးရက ဆုံးဖြတ်ခဲ့ တာလည်းဖြစ်ပါတယ်။
တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdogan ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တူရကီ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Jeff Flake အား စေလွှတ်သွား မှာဖြစ်ပြီး ၎င်းသည် တူရကီ သမ္မတ Erdogan အား မနှစ်သက်သော သူတစ်ဦး ဖြစ်ကြောင်း တူရကီ မီဒီယာများက ဖော်ပြပြောဆို နေကြတာ ဖြစ်ပါတယ်။
တူရကီနိုင်ငံ၏ အစောပိုင်း ရွေးကောက်ပွဲ မဲဆွယ်မှု များအတွင်း တူရကီခေါင်းဆောင်များက အမေရိကန် သံအမတ်ကြီး Flake ကို ၎င်းတို့၏ ဆက်ဆံရေး တံခါးများ ပိတ်ထားခဲ့ ကြတာဖြစ်ပြီး အဆိုပါ ဆက်ဆံရေး တံခါးပိတ်ထားခဲ့ရသည့်အကြောင်း အရင်းသည် တူရကီ နိုင်ငံ၏ အတိုက်အခံ ကိုယ်စားလှယ်လောင်းဖြစ်ခဲ့သည့် Kılıçdaroğlu ထံသို့ သံတမန် ခရီးစဉ်အဖြစ် သွားရောက် တွေ့ဆုံ မှုများ အပြီးတွင် ဖြစ်ပျက်ခဲ့တာ လည်းဖြစ်ပါတယ် လို့ သတင်းဌာနများက ဖော်ပြပြော ဆိုနေကြ တာလည်းဖြစ်ပါတယ်။