အစ္စရေးနှင့် ပါလက်စတိုင်း ပဋိပက္ခများလျော့ကျစေရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အာရပ်ငါးနိုင်ငံသို့ သွားရောက်မည်

အောက်တိုဘာ ၁၄

      အစ္စရေးနှင့် ပါလက်စတိုင်း ပဋိပက္ခများလျော့ကျစေရန် အာရပ်ငါးနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန် ကြီး အန်ထော်နီဘလင်ကန်က ဆိုသည်။

        ဘလင်ကန်က အစ္စရေးနိုင်ငံသို့ အောက်တိုဘာ ၁၂ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ဂျော်ဒန်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အီဂျစ်နှင့် ကာတာနိုင်ငံတို့သို့ အောက်တိုဘာ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ သွားရောက်မည်ဖြစ် ကြောင်း ပြောကြား သည်။

       ဂျော်ဒန်နိုင်ငံ၌ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်းလည်း ၎င်းက ပြောကြားသည်။ ပဋိပက္ခ မပြန့်ပွားစေရန်အတွက် အာရပ်ခေါင်းဆောင်များကို တိုက်တွန်းမည်ဖြစ်ပြီး ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားသည့် ဓားစာခံများ ပြန်လည်လွတ်မြောက်ရေးအတွက် အာရပ်ခေါင်းဆောင်များ၏ ပူးပေါင်းပါဝင်မှုကို ရယူသွားမည်ဖြစ်ကြောင်း ဘလင်ကန်က ဆို သည်။

        ဟားမတ်စ်စစ်သွေးကြွအဖွဲ့က အစ္စရေးနိုင်ငံကို ကြီးမားသောတိုက်ခိုက်မှုများ မည်သို့လုပ် ဆောင်လျက်ရှိသလဲဆိုသည့် မေးမြန်းမှု အပေါ် ဘလင်ကန်က တိကျသေချာသည့်အဖြေကို မပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ သို့သော် အမေရိကန်သည် အစ္စရေးနှင့် ဆော်ဒီအာရေဗျတို့ကြား ဆက်ဆံရေးပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် ပံ့ပိုးကူညီမှုများ ဆောင် ရွက်လျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြား သည်။

       အလားတူ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့အား သွားရောက်တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

#PAN