အမျိုးသမီးများကို ဒူဘိုင်းမြို့သို့ ပို့ဆောင်ကာ လုပ်အားခများ ခေါင်းပုံဖြတ်ရယူရန် စီစဉ် ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်

အောက်တိုဘာ ၁၄

      အမျိုးသမီးများကို ဒူဘိုင်းမြို့သို့ ပို့ဆောင်ကာ လုပ်အားခများ ခေါင်းပုံဖြတ်ရယူရန် စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့်အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

      ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ဒုက္ခရောက် နေသော မ—၂၂/၂၂ နှစ် ပါ ခုနစ်ဦးကို ကယ်တင်ပေးရန် လူမှုကွန်ရက်စာမျက်နှာတွင် ရုပ်သံလွှင့်တင် အကူ အညီတောင်းခံမှုနှင့် ပတ်သက်၍ ၎င်းတို့အား အိမ်အကူအလုပ်ရမည်ဟု စည်းရုံးပြီး ဒူဘိုင်းမြို့သို့ ပို့ဆောင်ကာ အခန်းအတွင်း ချုပ်နှောင်ပြီး လုပ်အားခများ ခေါင်းပုံဖြတ်ရယူရန် စီစဉ်ဆောင်ရွက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်နေ နော်သောစေး (ခ)မီးမီး၊မြောက်ဥက္ကလာပမြို့နယ်နေ မေဖုန်း(ခ) ထက်ထက်(ခ) ကေသီမြင့်နှင့် လမ်းမတော်မြို့နယ်နေ ဆွေဆွေမြင့်(ခ)အသေးလေးတို့ကို တာမွေမြို့မရဲစခန်း(ပ)၂၈၀/၂၀၂၂၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်၍ သင်္ဃန်း
ကျွန်းခရိုင် သီးသန့် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့
သည်။

       အဆိုပါ ပြစ်မှုကို သင်္ဃန်းကျွန်းခရိုင် သီးသန့် တရားရုံးက စက်တင်ဘာ ၁၅ ရက်နေ့တွင် တရား ခံ နော်သောစေး (ခ)မီးမီး၊ မေဖုန်း(ခ)ထက်ထက် (ခ) ကေသီမြင့်နှင့် ဆွေဆွေမြင့်(ခ) အသေးလေး ၎င်းတို့ သုံးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က) အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

#PAN