ကော့ကရိတ်မြို့အခြေစိုက် တပ်ရင်းဌာနချုပ်နှင့် လုံခြုံရေးအဖွဲ့အခြေပြုလျှက်ရှိသည့် ဘုန်းကြီး ကျောင်းကုန်းပေါ်သို့ KKO ခွဲထွက်နှင့် PDF အကြမ်းအဖွဲ့ ပူး ပေါင်းအဖွဲ့မှ Drop Bomb ချခြင်းနှင့် ၆၀ မမ တို့ဖြင့် နှောက်ယှက်ပစ်ခတ်၊ အပြစ်မဲ့ ကျောင်းသူ တစ်ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

အောက်တိုဘာ ၁၃

       KKO ခွဲထွက်နှင့် PDF အကြမ်းအဖွဲ့ ပူး ပေါင်းအဖွဲ့မှ ခေါင်းဆောင်(စိစစ်ဆဲ) အင်အား ၆၀ ဦးခန့်သည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၏ အရှေ့မြောက်ဘက် အဘောဘုရားကုန်း၊ နန်းကော်တိုးကျေးရွာ၊ရေလယ်မြိုင်ဘုန်းကြီး ကျောင်းအနီးနှင့် ဒေသအခေါ် ဆင်ကုန်းလမ်းဆုံ တို့ဘက်မှ ဖြန့်ခွဲ၍ ကော့ကရိတ်အခြေစိုက် ခလရ (၉၇)တပ်ရင်းဌာနချုပ်နှင့် အမှတ်(၂)ရပ်ကွက်၊ ဓမ္မရာမဘုန်းကြီးကျောင်းကုန်းတွင် အခြေပြုလျှက်ရှိသည့် လုံခြုံရေးအဖွဲ့နေရာများသို့ ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် Drone ၂ စီးဖြင့် Drop Bomb ချခြင်းနှင့် ၆၀ မမ တို့ဖြင့်  နှောက်ယှက်ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။

     ထိုသို့ Drop Bomb ချခြင်းနှင့် ၆၀ မမ တို့ဖြင့် နှောက်ယှက်ပစ်ခတ်ခဲ့ရာ ခလရ(၉၇)တပ်ရင်း အတွင်း ဗုံး ၃ လုံး၊ အမှတ်(၂)ရပ်ကွက်၊ အထကခွဲ(ဝန်းကြီး) ကျောင်း မုဒ်ဝအနီးသို့ ဗုံး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

       ခလရ(၉၇) တပ်ရင်းဌာနချုပ်အတွင် ဗုံးများ ကျရောက်ပေါက်ကွဲမှုကြောင့်  မှ အရာရှိ တစ်ဦး၊ စစ်သည် တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

          အမှတ်(၂)ရပ်ကွက်၊ အထကခွဲ(ဝန်းကြီး)မုဒ်ဝအနီးသို့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါနေရာအနီး ဈေးဆိုင်တွင် ကျောင်းလွှတ်ချိန် မုန့်ဝယ်နေသည့် ကျောင်းသူ ၄ ဦးဖြစ်ကြသော မမိုးမိုးအေး၊၁၂ နှစ်၊ (ဘ)ဦးမောင်အေး၊ ကရင်/ဗုဒ္ဓ၊ G 5 ကျောင်းသူ၊ နန်းကော်တိုးကျေး ရွာ၊ ကော့ကရိတ်မြို့နေသူ၊ မနော်စုယဉ်အေး ၁၈ နှစ်၊ (ဘ)ဦးမောင်အေး၊ ကရင်/ဗုဒ္ဓ၊ G 12 ကျောင်းသူ၊ နေရပ်တူ၊  မအေးအေးစန်း (၁၁)နှစ်၊ (ဘ)ဦးကျော်ဂေ၊ ကရင်/ဗုဒ္ဓ၊ G 4 ကျောင်းသူ၊ နေရပ်တူ ၊ မနော်ဝေဝေနှင်း (၆)နှစ်၊ (ဘ)ဦးကျော်ဂေ၊ ကရင်/ဗုဒ္ဓ၊ G 1 ကျောင်းသူ၊ နေရပ်တူ တို့ကို ဗုံးစထိမှန်ခဲ့သည်။

      အဆိုပါ ကျောင်းသူများကို ဗုံးစထိမှန်ရာ မမိုးမိုးအေး တွင် ချက်အောက်ဆီးခုံ ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလည်ပင်း ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလက်ကောက်ဝတ် ကျိုးကျေဒဏ်ရာ ၁ ချက်(သေဆုံး)၊ မနော်စုယဉ်အေး တွင် ယာလက်ဖမိုး ဗုံးစဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာခြေသလုံး ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)၊ မအေးအေးစန်း တွင် ယာလက်ခလယ် ဗုံးစရှပ်မှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ၊ မနော်ဝေဝေနှင်း တွင် ယာရင်အုံ ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ) တို့ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

      သေဆုံးဒဏ်ရာရရှိသူ ကျောင်းသူ ၄ ဦးအား မွန်း လွဲ ၁ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရပါသည်။

     အထကခွဲ(ဝန်းကြီး)ကျောင်းတွင် ကျောင်း ဆရာ/ ဆရာမ ၂၈ ဦး တာဝန်ထမ်းဆောင်လျက်ရှိပြီး KG တန်းမှ G 12 တန်းအထိ ကျောင်းသား/သူ ၄၇၄ ဦး တက်ရောက်သင်ကြားလျက်ရှိသည်။

     အကြမ်းဖက် သောင်းကျန်းသူများ၏ မှန်ကန်တိကျမှုမရှိသော လက်နက်ကြီးပစ်ခတ်မှုများကြောင်း အပြစ်မဲ့ ကျောင်းသူများ သေဆုံး ဒဏ်ရာရရှိမှုအပေါ် ကောကရိတ်မြို့နယ်အတွင်းမှ ဒေသခံပြည်သူများအနေဖြင့် ရွံရှာမုန်းတီးလာကြကြောင်း ကြားသိရပါသည်။

#PAN