ထီးလင်းမြို့နယ်အတွင်း အစိုးရပိုင် ကျွန်းစိုက် ခင်းများကို PDF အမည်ခံ အကြမ်း ဖက်အဖွဲ့များက သစ်ခိုးခုတ်ရာမှ ဝေစုမတည်ဘဲ အကြမ်းဖက်အချင်းချင်း ဖမ်းဆီးမှုများပြုလုပ်


အောက်တိုဘာ ၁၃

        မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊အောင်းကျေးရွာနှင့် သရခါကျေးရွာကြားကြားရှိ (၁၉၈၄)ခုနှစ်တွင်စိုက်ပျိုးထားသော အစိုးရပိုင်
ကျွန်းစိုက်ခင်းများကို PDF အမည်ခံ အကြမ်း ဖက်အဖွဲ့များက  ချိမ်းဆောများဖြင့် ကျွန်းပင်များကိုခုတ်လှဲပြီး စီးပွားဖြစ်ရောင်းချနေကြောင်း သိရပါသည်။

        အကြမ်းဖက် PDF အဖွဲ့များသည် အဆိုပါ ကျွန်းစိုက်ခင်းအပြင် နောက်ထပ် သစ်ခိုးခုတ်သည့် နေရာ ၂ နေရာ ရှိသေးကြောင်း သိရှိရပါသည်။
အောင်းရွာမှာ ထီးလင်းမြို့မှ  ၆ မိုင်သာဝေးပြီး  ထီးလင်းမြို့တွင် ရဲစခန်း၊ ရဲတပ်ရင်းတချိူ့နှင့်တပ်မတော်လုံခြုံရေးအဖွဲ့အချိူ့ရှိကြောင်း၊ ထီးလင်းမြို့မှ ဆေးမင်းတော – မောလယ် – ဂန့်ဂေါမြို့ သွားလမ်းတွင် မောလယ်နှင့် တပ် /ရဲ လုံခြုံရေးအဖွဲ့ရှိသော ရေမျက်နီ ၁၂ မိုင်အကွာရှိပြီး အဆိုပါလမ်းပေါ်တွင် အကြမ်းဖက် PDF ဂိတ် ၂ ဂိတ်ရှိကြောင်း သိရပါသည်။

     ” အရင်ကတည်းက ထီးလင်းမြို့နယ်ထဲမှာ PDF တွေက ပိ​တောက်၊ ကျွန်း သစ်တွေကို သစ်ခိုးခုတ်​နေတာပါ၊ အခု သစ်ခိုးခုတ်တဲ့ကိစ္စက PDF တွေ ဝေစုမတည့်တော့ အချင်းချင်းလိုက် ဖမ်းကြလို့ အသံထွက်လာတာပါ၊ ထီးလင်းမှာရှိတဲ့ တပ်နဲ့ ရဲကလည်း ဘာမှမလုပ်တော့ ပိုပြီး အတင်ရဲလာတာပေါ့ ” ဟု ဒေသခံပြည်သူ တစ်ဦးက ဆိုသည်။

      ပြည်ပြေးအကြမ်းဖက် NUG လက်အောက်ခံ
ဂန့်ဂေါခရိုင်အတွင်းမှ အကြမ်းဖက် PDF  တပ်ရင်းက ကျွန်းသစ်များ ခုတ်ယူသဖြင့် ၎င်းတို့၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟုခေါ်သော ထီးလင်းမြို့နယ် (အနောက်ခြမ်း) အကြမ်းဖက် အုပ် ချုပ်ရေးအဖွဲ့က  ဖမ်းဆီးခဲ့ကြောင်း ပြည်ပြေးအကြမ်းဖက် NUG ၏ ကြောထောက်နောက်ခံပြု မီဒီယာများက ဖော်ပြနေကြခြင်းဖြစ်ပါသည်။ မြေပြင် အမှန်သတင်းမှာ အဆိုပါ အကြမ်းဖက် အုပ်ချုပ်ရေးအဖွဲ့က ၎င်းတို့အတွက် ဝေစုမရသဖြင့် ယခုလိုဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရပါသည်။

      အဆိုပါ ဂန့်ဂေါခရိုင်အတွင်းမှ အကြမ်းဖက် PDF များသည် ဇူလိုင်လ ၂၄ ရက်နေ့က ရေမျက်နီကျေးရွာများဘက်မှ ထီးလင်းမြို့သို့ ပင်စင်လစာသွားရောက်ထုတ်ယူသည့် ပင်စင်စား ၄၀ ဦးထံမှ လစာ၏ ၅၀ ရာခိုင်နှုန်းသိမ်းယူခဲ့ကြောင်း၊ ၎င်းတို့ PDF အဖွဲ့အချင်းချင်း ဖမ်းဆီးသတ် ဖြတ်၍ အလောင်းများကို ဧရာဝတီမြစ်အတွင်း မျောပစ်သည့် ဖြစ်စဥ်များလည်း မကြာခဏ ရှိကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် PDF များ၏ အကြမ်းဖက်မှုများကို ကြောက်၍ ငြိမ်ခံနေရသော်လည်း လုံးဝမနှစ်မြို့တော့ကြောင်း သတင်းရရှိပါသည်။

#PAN