ကျန်းမာရေးဗဟုသုတမရှိလို့ကလေးရောမိခင်ပါသေဆုံး

၂၀၂၃ ခုနှစ်၊အောက်တိုဘာလ(၁၁)ရက်နေ့ နံနက်(၁၀)နာရီခန့်တွင် ရှမ်းပြည်န်မြောက်ပိုင်း၊လားရှိုးမြို့၊အမှတ်(၁)ရပ်ကွက်၊နယ်မြေ(၉)၊တွင် နေထိုင်သူ (အသက်အမည်) စိစစ်ဆဲ ကလေးမိခင်လောင်းအမျိုးသမီးတစ်ဦးသည် အိမ်သာတက်စဉ် ကလေးထွက်ကျပြီး ကလေးရော မိခင်ပါသေဆုံးသွားခဲ့ကြောင်းသတင်းရရှိပါသည်။

“ဖြစ်တာကတော့ သေသေခြာခြာတော့မသိလိုက်ဘူး။ ဖြစ်စဉ်ဖြစ်တယ်ကြားတော့ လူပြောသူပြောနဲ့သွားကြည့်တာ။ ကလေးမလေးက ကိုယ်ဝန်အရင့်ကြီးနဲ့တဲ့။မြန်မာပြည်အလယ်ပိုင်းကထွက်ပြေးလာတယ်ပြောတာဘဲ။ တမိသားစုလုံးကို ကသတ်မယ်ခြိမ်းခြောက်တော့ထွက်ပြေးလာကြတာလို့ပြောတယ်။သေသေခြာခြာ ရင်းရင်းနှီးနှီးတော့မသိဘူး။ ဘေးအိမ်နားက ကလေးမလေးကပြောတာတော့ အိမ်သာတက်ချင်တယ်ဆိုပြီး အိမ်သာထဲဝင်ရင်း ကလေးကထွက်ကျသွားတာ။အဲ့ဒါကိုမြင်ပြီး လန့်ပြီး ဆုံးပါးသွားရှာတယ်ထင်ပါတယ်”
ဟု အဆိုပါရပ်ကွက်အတွင်းတွင်နေထိုင်သူ အသက်အရွယ်ကြီးကြီးအမျိုးသမီးတစ်ဦးကပြောပြပါတယ်။

လတ်တေလာတွင် အကြမ်းဖက်သမားများ၏သတ်ဖြတ်မှု့ကြောင့် အပြစ်မဲ့ပြည်သူ၊အပြစ်မဲ့နိုင်ငံ့ဝန်ထမ်း၊ကျောင်းဆရာ/မ၊ရဟန်းသံဃာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်၊အပါအဝင် လူပေါင်း(၆၀ဝ၀)ကျော် သတ်ဖြတ်ခံခဲ့ရပြီးဖြစ်သလို ဆက်လက်၍လည်းသတ်ဖြတ်နေကြဆဲဖြစ်သည်ကိုတွေ့ရှိရပါသည်။

“ခက်တာကကွယ်။ဒို့တသက်နဲ့တကိုယ် ဒီလိုအဖြစ်ဆိုးမျိုးမကြုံဘူးပေါင်ကွယ်။သူတို့ဘာသာနိုင်ငံရေးအာဏာ ငတ်ကြီးကျလို့ မဲလိမ်မဲခိုးတာကို မဆိုင်တဲ့သူတွေလိုက်သတ်တော့ မဆိုင်တဲ့သူတွေလည်းအချောင်အသတ်ခံခဲ့ကြရသလို သူတို့လည်း ကောင်းကောင်းမွန်မွန်မနေကြရဘူးကွဲ့။အဖွားတို့က ဦးနုလက်ထက်ကထဲက ဒီလိုနိုင်ငံရေး ဇာတ်ရှုပ်တွေကို ကြုံခဲ့ပြီးသား။ ဦးနေဝင်းကယ်ခဲ့လို့။ မဟုတ်ရင် ဒို့လည်းသေခဲ့လောက်ပြီ။ကြာပေါ့။ ဟို ဘာတဲ့၊ သန့်ရှင်းတို့၊ဖဆပလ တို့ဆိုပြီး (၂)ခြမ်းကွဲကြ၊ကြားကပြည်သူတွေက အသတ်ခံကြရ။ အခုလည်း ဒီလိုဘဲ၊ဆုကျည်ဆိုတဲ့ကောင်မက အာဏာလိုချင်လို့ မဲခိုးတာလေ၊မဲခိုးတော့ ရှင်းပါ ရှင်းပါဆိုပြီး စစ်တပ်က အကြိမ်ကြိမ်ပြောခဲ့တယ်လေ။ ငါတကော ကောပြီး မရှင်းဘူးကွာဆိုပြီး ခေါင်းမာတော့ အခုသူလည်း အသက်ကြီးမှ ထောင်နန်းစံရဘီလေ။ ငါ့ထက်တောင်ငယ်သေးတယ် ဆုကျည်မက။ ငါက အခု (၈၅)နှစ်ရှိဘီ။ ဆုကျည်မက အခုမှ (၇၉)လား၊ဟုတ်ပေါင်၊အေး အဲ့လောက်ပဲရှိသေးတာ။ ဆုကျည်မရဲ့ ကံဇာတာက မုဆိုးမကံကွဲ့။မုဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုဘဲ အဲ့လိုမိန်းမရှိတဲ့ နိုင်ငံဘယ်တော့မှ မငြိမ်းချမ်းဘူး။ဟို တို့ ပထမ ဆုကျည်မ အဖမ်းခံရတယ်ဆိုတော့ အော် အောင်ဆန်းသမီးကို ဖမ်းရက်လေခြင်း ဆိုပြီး စစ်တပ်ကိုတောင် တို့က အမြင်မကြည်ခဲ့ကြဘူး။ အဲနောက်တော့ ဟုတ်ပေါင်။ သူက သူ့လင်နိုင်ငံတွေကို အားကိုးပြီး အစိုးရကို ဆီလိုရေလို အပြစ်ပြောတော့မှ ဪသာ် ဒီကောင်မက တဘဝလုံးကောင်းစားမဲ့ကောင်မ မဟုတ်ဘူးလို့ ဒို့က သိတယ်။ မပြောချင်လို့ မပြောခဲ့တာ။နောက်တော့ ဆုကျည်က အာဏာရသတဲ့။ တို့မြေးတွေ သမက်တွေကို အကုန်ပြောပြတယ်။ ဒီကောင်မ သက်ဆိုးမရှည်လောက်ဘူး။သူခြေလှမ်းတွေ ပေါ်တော့မယ်လို့ပြောတော့ သားမက်အကြီးကောင်က ဘာပြောတယ်မှတ်လဲ။ အမေ ပေါက်ကရမပြောနဲ့တဲ့။ အမေဆုတက်လာရင် သူခိုးကင်းပြီတဲ့။ အမလေး ငါမသေရင် စောင့်ကြည့်ရသေးလို့ တောင်ပြောခဲ့သေးတာ။ ခုတော့ ဘယ့်နှဲ့ရှိစ။ ဆုကျည်လက်ထက်ကလည်း ခိုးလိုက်တာ သောက်သောက်လဲ။အခုလည်း ခိုးမှု့က (၆)မှု့ဆိုလား(၄)မှု့ဆိုလားဘဲ။ အခု ဆုကျည်မ ပါတီက ခွဲထွက်လာတဲ့သူတွေလည်း ခိုးလိုက်တာ သောက်သောက်လဲ။ ယုတ်မာကတာကပိုသေး”
ဟု အသက်(၈၅)နှစ်အရွယ် အဖွားတစ်ဦးကပြောပြပါတယ်။

လက်ရှိတွင် မြန်မာပြည်အလယ်ပိုင်းတွင် အကြမ်းဖက်အဖွဲ့များ၏ မိသားစုလိုက်သတ်ဖြတ်ပြီး ရှိသမျှ လယ်ယာကျွဲနွားပါမချန် အကုန်သိမ်းယူပြီး ၄င်းတို့ထင်သလိုပြုမူနေသည့်အတွက် အကြမ်းဖက်များ ကြီးစိုးမှု့နည်းသည့် မြို့ရွာများသို့ ထွက်ပြေးတိမ်းရှောင်လာကြသူများစွာရှိပြီး ထိုအထဲတွင်လည်း အကြမ်းဖက်အဖွဲ့ဝင်များ ရောနှောပါဝင်လာနိုင်ကြောင်းပြောဆိုလာကြပါသည်။

“မိန်းကလေးတွေ ကိုယ်ဝန်ရှိလာပြီဆိုရင် အစားအသောက်၊အနေအထိုင်၊အပြောအဆို၊စိတ်ခံစားမှု့ကအစ ဂရုစိုက်ကြရမှာ။ အခုသေဆုံးသွားတဲ့ကလေးမကလည်း အသက်ဘေးကပြေးလာရတာဆိုတော့ သူလည်း နယ်မြေဒေသကစိမ်းတော့ ဟိုလူ့မပြောရဲ့၊ဒီလူ့မပြောရဲရှိရှာမှာပေါ့။ အဓိကအရေးကြီးတဲ့အချက်က ဝင်ငွေပေါ့။ ယောကျာ်းလုပ်သူက အလုပ်အကိုင်ရှိမှ ဇနီးသည်ကို စားချင်တာဝယ်ကျွေး။ဆေးခန်းလေးဘာလေးပြ၊ သားဖွာဆရာမနဲ့ ဗိုက်အပ် ဒီလိုလုပ်နိုင်မှာပေါ့။ကလေးမွေးချင်တာနဲ့ အိမ်သာသွားချင်တာ သူ့ခများ မကွဲပြားဘူးဖြစ်နေရှာမှာပေါ့။နောက်ပြီး ပြေးရင်းလွှားရင်းဆိုတော့ ကိုယ်ဝန်ဘယ်နှစ်လရှိပြီဆိုတာလည်း တိတိကျကျမသိတော့ စောသေးတယ်လည်းထင်နေတာဖြစ်နိုင်တာဘဲ။နောက်တခုက စိတ်လှုပ်ရှားရင်လည်း ကလေးက အချိန်မတိုင်ခင်မွေးတတ်တယ်”
ဟု အခြားအမျိဲးသမီးတစ်ဦးကပြောပြပါတယ်။

အမျိုးသမီးငယ်များ ကိုယ်ဆောင်စဉ် ပြုလုပ်လိုက်နာသင့်သောအချက်များကို နီးစပ်ရာ အတွေ့အကြုံရှိသူများနှင့်တိုင်ပင်ဆွေးနွေး၍၄င်း၊သားဖွားဆရာမများနှင်ပြသ၍၄င်း အကြံဥာဏ်များရယူသင့်ပါသည်။

#PAN