တတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်အောက်တိုဘာ ၁၇ ရက်တွင် ကျင်းပမည်

အောက်တိုဘာ ၁၂

       တတိယအကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက ယနေ့ပြောကြားသည်။

       ယင်းဖိုရမ်သို့ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက်နိုင်ဖွယ်ရှိပြီး တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်းလည်း သိရသည်။

       တရုတ်နှင့် ရုရှား နှစ်နိုင်ငံခေါင်းဆောင်များ သည် ၎င်းတို့၏ ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ကြိုးပမ်းလျက်ရှိသည်။ ကြီးမားသောစီးပွားရေးအစုအဖွဲ့တစ်ခု ဖန်တီးတည်ဆောက်ရန်ရည်ရွယ်သည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းကို သမ္မတ ရှီကျင့်ဖျင်က အဆိုပြုခဲ့ပြီး လွန်ခဲ့သည့် ၁၀ နှစ်မှစပြီး အကောင်အထည်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

       ဖိုရမ်၏ ပြင်ပတွင်လည်း တရုတ်နှင့် ရုရှား နှစ်နိုင်ငံတွေ့ဆုံပွဲများ ကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြား သည်။

      ထို့ပြင် ဖိုရမ်သို့ နိုင်ငံပေါင်း ၁၃၀ ကျော်မှ ကိုယ် စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း၏ ပဏာမခြေလှမ်းသည် the Global South ဟုခေါ်သော စီးပွား ရေးဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ပူး ပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေရန် ဖြစ်သည်။

#PAN