အာဆင်နယ်အသင်းရဲ့ တစ်လတာအကောင်းဆုံး ကစားသမားဆုကို ဆာကာ ရရှိ

Photo: Arsenal

အောက်တိုဘာ ၁၂
အာဆင်နယ် ပရိသတ်တွေ မဲပေးရွေးချယ်တဲ့ စက်တင်ဘာလအတွက် အာဆင်နယ်အသင်းရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဘူကာရို ဆာကာ ရရှိသွားခဲ့ကြောင်း သိရပါတယ်။
ဆာကာဟာ စက်တင်ဘာလအတွင်း သွင်းဂိုး ၃ ဂိုး၊ ဂိုးဖန်တီးမှု ၃ ကြိမ် လုပ်နိုင်ခဲ့ပါတယ်။ ဆာကာဟာ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ၆ ကြိမ်မြောက် ရရှိတာလည်း ဖြစ်ပါတယ်။
၎င်းကစားသမားဟာ ဒဏ်ရာပြဿနာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်သွားကြောင်းလည်း သိရပါတယ်။