မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

အောက်တိုဘာ ၈

       မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ ရေဝင်းကျေးရွာရှိ ချစ်ကိုကို ၏နေအိမ်ကို ဝင်ရောက်ရှာ ဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၂ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၅၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ် ကွက် ဂေါက်ကွင်း အဆင်းလမ်းတွင် လော်ဘီ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကို လည်း ကောင်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ည ၇ နာရီတွင် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု ၊ဖတ်ဟိ(အောက်)ကျေးရွာရှိ ၎င်းနေထိုင်သည့် နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၂,၀၀၀ ကို လည်း ကောင်း၊ ထို့အတူ ယင်းနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့ ပါဟတ်ရပ် ကွက်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ခရီးသည် တင် Express မော်တော်ယာဉ်ကို ရပ်တန့်စစ် ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ် ၊ ခါးသျှိကျေးရွာအုပ်စု၊ ခါးသျှိကျေးရွာအနီးတွင်
အိုက်ဆေ့ မောင်းနှင်ပြီး စိုင်းအိုက်မွန်း လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၆၆ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

#PAN