စစ်ကိုင်းမြို့တွင် သာမန်ပြည်သူ အမျိုးသားတစ်ဦးကို အကြမ်းဖက် PDF အဖွဲ့က သေနတ်ဖြင့် ပစ် ခတ်သတ်ဖြတ်

အောက်တိုဘာ ၄

     စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် သာမန်ပြည်သူအမျိုးသား တစ်ဦးကို အကြမ်းဖက် PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးသွားခဲ့ကြောင်း  သိရသည်။

       သေဆုံးသူမှာ စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်တွင်နေထိုင်ကာ ဆိုင်ကယ်ဝယ်/ရောင်းလုပ်ကိုင်သူ ကိုဟိန်းထက်၊၂၆ နှစ်ဖြစ်ကြောင်းသိရပြီး ကွမ်းယာဝယ်ရန် နေအိမ်မှထွက်လာစဥ် စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ် ကွက်ရှိ သီရိမင်္ဂလာဂုံးကျော်တံတားအလယ်အရောက်၌ ကားတစ်စီးပေါ်မှ အကြမ်းဖက်သမားများက ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

      အဆိုပါပစ်ခတ်မှုကြောင့် ကိုဟိန်းထက်တွင် မေးရိုး ဝဲဘက်၌ ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့သဖြင့် စစ်ကိုင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော် လည်း ရရှိဒဏ်ရာကြောင့် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။

      အကြမ်းဖက် PDF အဖွဲ့အနေဖြင့် မည်သည့်အကြောင်းကြောင့် ယခုလိုသတ်ဖြတ်ရသည်ကို မသိရသေးသော်လည်း အများစုမှာ ” ဒလန် ” ဟုသော ခေါင်းစဥ်ဖြင့် အပြစ်မဲ့ပြည်သူများကို ယခုလို သတ်ဖြတ်နေခြင်းဖြစ်ကြောင်း သိရပါသည်။