ကော့ကရိတ်မြို့ပေါ်သို့ အကြမ်းဖက်သောင်း ကျန်းသူKKO ခွဲထွက်နှင့် PDF အဖွဲ့များက Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ရာ အရပ်သားပြည်သူများ၏ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲ

အောက်တိုဘာ ၄

       ယနေ့ နံနက် ၁၁ နာရီ ၄ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ KKO ခွဲထွက်နှင့် PDF အဖွဲ့များက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ  ဆေးရုံအရှေ့ဘက်  ဓမ္မရာမဘုန်းကြီးကျောင်းတွင် လုံခြုံရေးယူထားသော အဖွဲ့ကို Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ရာ လုံခြုံရေးအဖွဲ့နေရာသို့ မကျရောက်ပဲ အမှတ်(၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ၀င်းကြီးတောင်စွန်းတံတားထိပ်အနီး  ဓမ္မရာမဘုန်းကြီးကျောင်းအ၀င်လမ်း တည့်တည့်အနီးရှိ ဦးမန်းနီး နေအိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါနေအိမ်မှာ နံနက်ပိုင်းတွင် လူနေထိုင်ခြင်းမရှိဘဲ ညဘက်မှအိမ်ကို လာရောက်ပြန်နေထိုင်အိပ်ကြကြောင်းသိရပါသည်။

        အလားတူ ယမန်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက် KKO ခွဲထွက်နှင့် PDF အဖွဲ့များက ကော့ကရိတ်မြို့တွင်းသို့ Drop Bomb ၂ လုံး ချ တိုက်ခိုက်ခဲ့ကြောင်း၊ Drop Bomb ၁ လုံးမှာ  ကော့ကရိတ်မြို့၊ အမှတ် ၃ ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဦးမောင်မောင်၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲကာ ခေါင်မိုးနှင့် မျက်နှာကျက် ပျက်စီးခဲ့ပြီး ကာလတန်ဖိုး ၅ သိန်းဖိုးခဲ့ဆုံးရှုံးခဲ့ရကြောင်းနှင့် ကျန်ဗုံးသီး ၁ လုံးမှာ ဦးမောင်မောင်နေအိမ်အနီးရှိ “ဘုန်းမြင့်ဇော်” ခရီးသည်တင်ယာဥ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကာလတန် ဖိုး ကျပ်သိန်း ၇၀ နီးပါး ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိ ရှိရပါသည်။

       အလားတူ  အောက်တိုဘာလ ၂ ရက်နေ့ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်တွင်လည်း ရဲစခန်းအနီးတ၀ိုက် ဒရုန်းဗုံး ၂ လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ လူထိခိုက်မူမရှိကြောင်း၊ ယခု ကာလတွင် အကြမ်းဖက်သမားများက မြို့တွင်းသို့ Drine ဖြင့် Drop Bomb ပစ်ချတိုက် ခိုက်မှုများ မကြာခဏပြုလုပ်လေ့ရှိသဖြင့် မြို့နေပြည်သူများအနေဖြင့် သတိဖြင့်သွားလာနေထိုင်ကြရန်
အသိပေးနှိုးဆော်ထားကြောင်း သတင်းရရှိပါသည်။

#PAN