ပိုက်ကျော်ခြင်းမြန်မာအမျိုးသား (၄) ယောက်တွဲအသင်း ရွှေရပြီ

အောက်တိုဘာ ၄
တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့မှာ ကျင်းပတဲ့ (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ မြန်မာပိုက်ကျော်ခြင်း အမျိုးသား (၄) ယောက်တွဲအသင်းဟာ ယနေ့ နံနက် ၇ နာရီအစောပိုင်းအချိန်မှာ အင်ဒိုနီးရှားကို အသာအယာကစားပြီး ၂ – ၀ ရလဒ်နဲ့ ရွှေတံဆိပ်ဆုကို ရယူဆွတ်ခူးခဲ့ပါပြီဖြစ်ပါတယ်။
မြန်မာအမျိုးသား (၄) တွဲအသင်းမှာ ဇင်မင်းဦး(အားထစ်)၊ ဇင်ကိုကို၊ ရှိန်းဝဏ္ဏဇော် (ရှိန်းလေး)၊ အောင်ခန့်သူ (ဘားသက်)၊ သန့်ဇင်ဦး(ဘောစိ)၊ သန့်ဇင်ထွန်းတို့ ပါဝင်ကစားတာဖြစ်ပါတယ်။
နောက်ထပ် မြန်မာအမျိုးသား၊ အမျိုးသမီး (၃) ယောက်တွဲပွဲစဉ်တွေကို အောက်တိုဘာ ၅ ရက်နေ့မှာ စတင်ကစားမည်ဖြစ်ကြောင်း သိရပါတယ်။