တရုတ်နှင့် ဂျာမနီတို့ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သဘောတူ

အောက်တိုဘာ ၃

      တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့သည် အောက် တိုဘာ ၁ ရက်က ဂျာမနီနိုင်ငံ ဖရန့်ဖက်မြို့၌ ကျင်းပခဲ့သည့် ဘဏ္ဍာရေးဆိုင်ရာဆွေးနွေးပွဲတွင် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် စပ်လျဉ်း၍ သဘောတူညီခဲ့ကြကြောင်း ယမန်နေ့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

       အဆိုပါဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟီလီဖန်နှင့် ဂျာမနီနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ခရစ္စတီယန်လင်ဒါတို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

       တရုတ်နိုင်ငံသည် နှစ်နိုင်ငံ၏ မိတ်ဖက်ဆက်ဆံရေးတွင် အပြုသဘောဆောင်ပြီး အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်အသင့်ရှိကြောင်း တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟီလီဖန်၏ ပြောကြားချက်ကို ကိုးကား၍ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်း အေဂျင်စီက ပြောကြားသည်။

       ထို့ပြင် ဂျာမနီနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဖြစ် သူ လင်ဒါကလည်း အဆင့်မြင့်ဘဏ္ဍာရေးဆိုင်ရာ ဆွေး နွေးမှုမူဘောင်တွင် တရုတ်နိုင်ငံနှင့် ဆွေးနွေးပွဲများ တိုးမြှင့်ဆောင်ရွက်ရန် ဂျာမနီနိုင်ငံအနေ ဖြင့် ဆန္ဒရှိကြောင်း ပြသခဲ့သည်။

#PAN