ရွှေပြည်အေးမြို့အဝင် လုံခြုံရေးဂိတ်ကို အကြမ်း ဖက် KIA နှင့် PDFပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ရာ ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

အောက်တိုဘာ ၁

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့(ခ) နတ်နန်းကျေးရွာတွင် စခန်း ချတပ်စွဲ‌ခြေကုပ်ယူ ထားသော အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့က ယမန်နေ့  ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရွှေပြည်အေးမြို့၏အရှေ့ဘက် တောစပ်ရှိ စေတီအနီးမှ ရွှေပြည်အေးမြို့အဝင် ပြည်သူ့စစ်လုံခြုံ ရေးဂိတ်သို့ လက်နက်ကြီးဖြင့် ၂ ချက်ပစ်ခဲ့ရာ လုံခြုံရေးဂိတ်ကို ကျော်လွန်၍ စာသင် ကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်အဖွဲ့ရှိရာသို့ လုံခြုံရေးအဖွဲ့မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ၎င်းအကြမ်းဖက် KIA နှင့် PDF ပူးပေါင်းအဖွဲ့များ ဆုတ်ခွါသွားကြောင်း သတင်း ရရှိပါသည်။

      အကြမ်းဖက်သောင်းကျန်းသူများသည် လက်နက် ကြီးများကို ကျွမ်းကျင်စွာ ပစ်ခတ်တတ်ခြင်းမရှိသည့်အပြင် လက်လုပ်လက်နက်ကြီးများကို အသုံးပြု ပစ် ခတ်ခြင်းကြောင့် တိကျစွာ ပစ်ခတ်နိုင်ခြင်းမရှိဘဲ ရမ်းသမ်းပစ်ခတ်လိုက်သည့် ကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူများကို ထိခိုက်သေဆုံးကြရကြောင်း သိရပါသည်။

#PAN