အာရှအားကစားပွဲတော်တွင်  မြောက်ကိုရီးယားနိုင်ငံမှ ငါးနှစ်အတွင်း ပထမဆုံးရွှေတံဆိပ်ဆုကို ရရှိ

စက်တင်ဘာ ၃၀

     မြောက်ကိုရီးယားနိုင်ငံမှ အမျိုးသမီးသေနတ်ပစ်အသင်းက တရုတ်နိုင်ငံဟန်ကျိုးမြို့တွင်ကျင်းပလျက်ရှိတဲ့ အာရှအားကစားပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုကို ရရှိခဲ့သည်ဟု သိရပါသည်။

      အဆိုပါဆုတံဆိပ်သည် မြောက်ကိုရီးယားနိုင်ငံအတွက် နိုင်ငံတကာပြိုင်ပွဲများ၌ ငါးနှစ်အတွင်း ပထမဆုံးရရှိသည့် ရွှေတံဆိပ်ဆုဖြစ်သည့်အပြင် မြောက်ကိုရီးယားသေနတ်ပစ်အသင်းအတွက် သမိုင်းတစ်လျှောက် ပထမဆုံးသော ရွှေတံဆိပ်ဆုလည်း ဖြစ်ပါသည်။

      မြောက်ကိုရီးယားအမျိုးသမီး သေနတ်ပစ်အသင်းအနေနှင့် ပြိုင်ဘက်အသင်းဖြစ်သည့် ကာဇက်စတန် အသင်းကို ၁,၆၅၅ မှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ် သည်။ စက်တင်ဘာလ ၂၈ ရက်အထိ ယှဉ်ပြိုင်မှုများအရ မြောက်ကိုရီးယားနိုင်ငံသည် ဆုတံဆိပ်ရရှိမှုဇယား၌ အဆင့်(၁၃)နေရာ၌ ရပ် တည်နေပါသည်။

        ပထမနေရာ၌ ဆုတံဆိပ် ၁၄၉ ခုဖြင့် တရုတ်နိုင်ငံ၊ ဒုတိယနေရာ၌ ဆုတံဆိပ် ၇၄ ခုဖြင့် တောင်ကိုရီးယား နိုင်ငံ၊ တတိယနေရာ၌ ဆုတံဆိပ် ၆၆ ခုနှင့် ဂျပန်နိုင်ငံတို့က အသီးသီးရပ်တည်နေပါသည်။

#PAN