လာမယ့် အောက်တိုဘာလအတွင်း တောင်ကိုရီးယားနိုင်ငံက မြန်မာလုပ်သား ၃၀,၀၀၀ ခန့်ကို ခေါ်ယူမည်

စက်တင်ဘာ ၂၈

        တောင်ကိုရီးယားနိုင်ငံမှ မြန်မာလုပ်သားအရေ အတွက် ၃၀,၀၀၀ ခန့်ကို လာမည့် အောက် တိုဘာလတွင် တိုးမြှင့်ခေါ်ယူသွားရန်ရှိကြောင်း ကိုရီးယားဆိုင် ရာ မြန်မာလုပ်သားရှာဖွေရေး ပြည်ပအလုပ်အကိုင် အေဂျင်စီများမှ သိရပါ သည်။

        EPS စနစ်နှင့် မြန်မာလုပ်သားခေါ်ယူမှုအစီစဉ်အရ ကိုရီးယားနိုင်ငံဘက်က အလုပ်သမား တိုးမြှင့်ခေါ်ယူရန် ဆောင်ရွက်နေရာ (၁၄) ကြိမ်မြောက် EPS- Topik စာမေးပွဲအောင်မြင်သူများထဲမှ လုပ်သား ၂၈,၀၀၀ ကျော်ကို အသုတ်လိုက် ၃ သုတ်ခွဲပြီး ခေါ်ယူသွားမည်ဟု ဆိုပါသည်။ အဆိုပါ တိုးမြှင့်ခေါ်ယူမည့် မြန်မာလုပ်သားများကို တောင်ကိုရီးယားနိုင်ငံ၏ ကုန်ထုတ် လုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း ကဏ္ဍများအတွက် ခေါ်ယူသွားမည်ဟု သိရပါသည်။

       တောင်ကိုရီးယားမှ ပထမအသုတ်အဖြစ် အောက် တိုဘာလ ၁၉ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကုန်ထုတ် လုပ်ငန်း မြန်မာလုပ်သား ၂၀,၉၁၉ ဦးကို လည်း ကောင်း၊ ဒုတိယအသုတ်အနေနှင့် အောက် တိုဘာလ ၃၀ ရက်နေ့ မှ နိုဝင်ဘာလ ၃ ရက်နေ့ အထိ စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ် ငန်းအတွက် မြန်မာလုပ်သား ၅,၆၀၉ ဦးကို လည်းကောင်း၊ တတိယ အသုတ်အဖြစ်အောက် တိုဘာလ ၃၀ ရက်နေ့ မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ ဆောက်လုပ်ရေးလုပ်ငန်းအတွက် မြန်မာလုပ်သား ၁,၄၃၁ ဦးကို လည်းကောင်း ၃ သုတ်ခွဲကာ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရပါ သည်။

#PAN