ချောင်းဦးမြို့နယ်၊ မကျီးခွကျေးရွာအနီးရှိ အကြမ်းဖက် PDFစခန်း တပ်မတော်ရှင်းလင်းရေးအထူးစစ်ကြောင်းက စီးနင်းချေမှုန်း

စက်တင်ဘာ ၂၇

ယမန်နေ့ မွန်းလွဲပိုင်းအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊
ချောင်းဦးမြို့နယ်၊ မကျီးခွကျေးရွာအနီးရှိ အကြမ်းဖက် PDFစခန်းကို ဒေသခံများ၏ လျို့ဝှက်သတင်းပေးပို့မှုအရ တပ်မတော်စစ်ကြောင်းအဖွဲ့ က ရဟတ်ယာဉ်အသုံးပြုကာ ၎င်းအကြမ်းဖက်စခန်းကို စီးနင်းတိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအကြမ်းဖက်စခန်းကို စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ
အကြမ်းဖက်အလောင်း ၉ လောင်း ၊ လက်လုပ်သေနတ် ၁၆ လက် ၊ အေကေ ၁ လက်
၊ကျည်အိမ် ၁၁ ခု ၊ ကျည်မျိုးစုံ ၃၈၇ တောင့် ၊ လက်လုပ် ၄၀ မမဗုံးသီး ၃ လုံး ၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံး ၊ စိန်ပြောင်းဗုံးသီး ၂၂ လုံး ၊ လက်လုပ် Drop Bomb ၄၉ လုံး ၊ ကျည်ကာအင်္ကျီ ၅ ထည် ၊လမ်းလျှောက်စကားပြောစက် ၄ လုံး ၊လက်လုပ်ရီမု ၁ လုံး
၊ Drone ၇ စီး ၊ Drone ပန်ကာ ၁၅ ခု ၊ Drone camera ၁၆ ခု ၊Drone အားသွင်းကြိုး ၈ ခု
၊ တွင်ခုံ ၁ ခု ၊ ဆိုင်ကယ် ၁ စီးတို့အားသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအကြမ်းဖက် PDFအဖွဲ့သည် ဒေသတွင်းပြည်သူများအပေါ် လက်နက်ဝယ်ယူရန်ခေါင်းစဉ်ဖြင့် ငွေကြေးကောက်ခံမှုရှိသလို လမ်းသွားလမ်းလာပြည်သူများ ပြန်ပေးဆွဲ ငွေတောင်းခြင်းများ ပြုလုပ်နေသော နာမည်ဆိုးထွက်ပေါ်နေသည့် အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်းသိရှိရပါသည်။

#PAN