ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၀၄၉ ဘီလီယံတန်ဖိုးရှိအိုက်စ်(မက်သ်အဖက်တမင်း) ၂၅၄ ကီလို သိမ်းဆည်းရမိ

စက်တင်ဘာ ၂၅

      ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ နယ်တွင် ငွေကျပ် ၂ ဒသမ ၀၄၉ ဘီလီယံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၂၅၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ
သိရသည်။

                     သတင်းအရရှာဖွေ
         မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင် ဘာ ၂၀ ရက် နံနက် ၆ နာရီတွင် ရှမ်း ပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျိုင်းတုံမှ တာချီလိတ်သို့ စိုင်းမွန်း မောင်းနှင်လာသည့် LIFAN မြေသယ်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ငွေကျပ် ၂ ဒသမ ၀၄၉ ဘီလီယံ တန် ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့်  အိုက်စ်(မက်သ်အဖက်တမင်း) ၂၅၄ ကီလိုနှင့် ကက်တမင်း ၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရသိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ကျိုင်းတုံမှ တာချီလိတ်သို့ သယ် ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူး လွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN