နေးရှင်းလိဂ်ကစားဖို့ ဆွီဒင်နိုင်ငံကို ရောက်ရှိလာတဲ့ စပိန်အသင်း

စက်တင်ဘာ ၂၃

      ဖီဖာကမ္ဘာ့ဖလားချန်ပီယံ စပိန်အမျိုးသမီးအသင်းဟာ နေးရှင်းလိဂ်ပွဲစဉ်တွေ ပြန်လည်ကစားဖို့ ဆွီဒင်နိုင်ငံကို ရောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားပွဲအပြီး ချန်ပီယံဆုရယူနိုင်ခဲ့ပြီး အောင်ပွဲခံရာမှာ စပိန်ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ရူဘီယာလက်စ်ရဲ့ မလျော်ကန်တဲ့ အပြုအမူကြောင့် လက်ရွေးစင်ကစားသမားတွေဟာ အသင်း အတွက်ကစားပေးဖို့ ငြင်းဆိုခဲ့ထားတာ ဖြစ်ပါတယ်။

       အဲဒီနောက် စပိန်အမျိုးသမီးအသင်းအနေနဲ့ နည်းပြသစ်ခန့်အပ်ခဲ့သလို နေးရှင်းလိဂ်ပွဲစဉ်တွေ ကစားဖို့ လက်ရွေးစင်အသင်းလူစာရင်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ်က အသင်းနဲ့ပူးပေါင်းခြင်းမရှိတဲ့ ကစားသမားတွေကို အရေးယူသွားမယ်လို့ ဖိအားပေးခဲ့ပါတယ်။

       ဒါကြောင့် လက်ရွေးစင်အသင်းမှာ နာမည် ကြီးကစားသမားတွေဖြစ်တဲ့ ဘွန်မာတီ၊ ပူတဲလက်စ် နဲ့ ကာမိုနာ တို့ လာရောက်ပူးပေါင်းခဲ့ကြပြီး ဆွီဒင်နိုင်ငံကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ စပိန်အမျိုးသမီးအသင်းဟာ စက်တင်ဘာ လ ၂၂ ရက်မှာ ဆွီဒင်အသင်း၊ စက်တင်ဘာလ ၂၆ ရက်မှာ ဆွစ်ဇာလန်အသင်းတို့နဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေ ယှဉ် ပြိုင် သွားဖို့ ရှိနေပါတယ်။

#PAN