ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၌ ငွေကျပ် နှစ်ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ၁၈ ဒသမ ၅၁ ကီလို သိမ်းဆည်းရမိ

စက်တင်ဘာ ၂၃

      ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့ နယ်၌ ငွေကျပ် နှစ်ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေး ဝါး (Happy Water) ၁၈ ဒသမ ၅၁ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

         ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၅ ရက် ညနေ ၅ နာရီတွင်ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင် သန်းစိန်(ခ)အားဝေ မောင်းနှင်ပြီး အောင်ကျော်ဦး(ခ)အယောင်း လိုက်ပါလာသည့် Toyota Hilux Revo ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး ၁၄ ဒသမ ၉၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ ယင်းနေ့ ည ၇ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် ဆွတ်ဆိုင်ကျေးရွာတွင် စိုင်းစမ်ငင်း၊ စိုင်းကျန်နှင့် ဆီနွန်းတို့ သုံးဦးအား ဆိုင်ကယ်နှစ်စီး၊ စိတ်ပြောင်း ဆေးဝါး ၃ ဒသမ ၆ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့၍ စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါး ၁၈ ဒသမ ၅၁ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်းနှင့် လူငယ်များအား အလားတူ အန္တရာယ်ဖြစ်စေမည့် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းများကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN