“အာဖရိကတိုက်ရှိ ဂီနိီနိုင်ငံ၏ စစ်အစိုးရ အကြီးအကဲ တစ်ယောက်ဖြစ်သည့် ဗိုလ်မှူးကြီး Doumbouya က ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးတွင် အနောက်နိုင်ငံများ အနေဖြင့် ၎င်းတို့နိုင်ငံ၏ နိုင်ငံရေး နှင့် စစ်ရေး ဆိုင်ရာ ကိစ္စရပ် များတွင် ဝင်ရောက် စွက်ဖက် မှုများ မပြုလုပ်ကြရန် အသိပေး ပြောဆိုခဲ့”

စက်တင်ဘာ ၂၂

အာဖရိကတိုက်ရှိ နိုင်ငံများတွင် မကြာသေးမီက အာဏာသိမ်းမှုများ ဆက်တိုက် ဖြစ်ပွား ခဲ့ပြီးနောက် အဆိုပါ နိုင်ငံများမှ တစ်နိုင်ငံဖြစ်သည့် ဂီနီနိုင်ငံ၏ စစ်အစိုးရအကြီးအကဲတစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး Mamady Doumbouya က ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ကြာသပတေး နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ ဆိုင်ရာ အထွေအထွေ ညီလာခံကြီးတွင် မိန့်ခွန်း ပြောကြားခွင့်ရခဲ့ပြီး မိန့်ခွန်းတွင် ၎င်းတို့နိုင်ငံ၏ နိုင်ငံရေးများ နှင့် စစ်ရေးဆိုင်ရာများတွင် အနောက်အုပ်စုများ အနေဖြင့် ဝင်ရောက် စွက်ဖက်မှုများ မပြုလုပ်သင့်ကြောင်း ဗိုလ်မှူးကြီး Mamady Doumbouya က ၎င်းတို့နိုင်ငံအား ကာကွယ်ပြော ဆိုခဲ့တာ ဖြစ်ပါတယ်။

“အာဖရိကတိုက်သည် ကမ္ဘာ့အင်အား ကြီးနိုင်ငံများ၏ ကျွန်တော်တို့ နိုင်ငံငယ်တွေ အပေါ် ချမှတ်ထားတဲ့ အုပ်ချုပ် မှုပုံစံကို ခံစားနေရပါတယ်။ အာဖရိက သမိုင်းကြောင်း တစ်လျှောက် ပုံဖော်ထားခဲ့ကြတဲ့ အနောက်နိုင်ငံတွေအတွက် သေချာပေါက် ကောင်းမွန်ပြီး ထိရောက်တဲ့ စံနမူနာတစ်ခုပါ၊ ဒါပေမယ့် အဆိုပါ စံနမူနာတွေကို ကျွန်တော်တို့ အနေနဲ့ လက်တွေ့ဘဝနဲ့ လိုက်လျော ညီထွေဖြစ်အောင် လုပ်ဖို့ အခက်အခဲတွေရှိ နေပါတယ်” လို့ ၎င်းက ပြင်သစ်ဘာသာဖြင့် ဆွေးနွေးသည့် ကုလသမဂ္ဂ အထွေထွေညီ လာခံအတွင် ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ထို့နောက် ဗိုလ်မှူးကြီး Doumbouya သည် ဂီနီနိုင်ငံအတွင်း ၁၁ နှစ်ကြာ အရပ်သား အုပ်ချုပ်မှုအပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလ တွင် အာဏာသိမ်းခဲ့သူလည်းဖြစ်ကြောင်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *