ဟိုပင်မြို့တွင် အမျိုးသားတစ်ဦးက ဇနီးနှင့်သားတို့ကို လည်ပင်း ဓါးဖြင့်ခုတ်၍ မိမိကိုယ့်မိမိ ကြိုးဆွဲချ အဆုံးစီရင်

စက်တင်ဘာ ၁၇

       ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် အမျိုးသားတစ်ဦးက ၎င်း၏ ဇနီးဖြစ်သူနှင့် သားဖြစ်သူတို့အား ဓါးဖြင့်ခုတ်ခဲ့ပြီးနောက် မိမိကိုယ်မိမိ ကြိုးဆွဲချသေဆုံးမှု  ယမန်​နေ့ နံနက် ၂ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း  သိရသည်။

      အခင်း​​ဖြစ်ပွားရာ နေအိမ် အောက်ထပ်အဝင်ဝတွင် ဒေါ်အေးအေးမေမှာ ဝဲဘက်ပါး ၆ လက်မခန့်ပြတ်ရှဒဏ်ရာတစ်ချက်၊ လည်ပင်းတွင် ၆ လက်မခန့် ပြတ်ရှဒဏ်ရာ ၃ ချက်တို့ ရရှိပြီး ပက်လက်အနေအထားဖြင့်သေဆုံး​န​​ကြောင်း​၊ သားဖြစ်သူ မောင်ဝေယံထက်မှာလည်း ဂုတ်တွင် ၆ လက်မခန့်ပြတ်ရှဒဏ်ရာ(စိုးရိမ်ရ) ဒဏ်ရာတို့ရရှိကြောင်း၊ ပြစ်မှု့ကျူးလွန်သူ ဦးကျော်လွင်မျိုးမှာ နေအိမ်အောက်ထပ်အိပ်ခန်းအတွင်း ထုပ်တန်းတွင်  ပုဆိုးကို အသုံးပြုလျက်ကြိုးဆွဲချ သေဆုံးနေကြောင်း သိရသည်။

       အဆိုပါ ဒဏ်ရာရရှိသည့် သားဖြစ်သူ မောင်ဝေယံထက်နှင့် သေဆုံးသည့် ဇနီးမောင်နှံအား မိုးညှင်းခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်းထားကြောင်း သတင်းရရှိသည်။

#PAN