မြောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးအဖွဲ့များနှင့် အကြမ်းဖက်သမား PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွား လက်နက်အချို့ သိမ်းဆည်းရမိ

စက်တင်ဘာ ၁၆

      ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးအဖွဲ့များသည် နယ်မြေရှင်းလင်းရေးဆောင်ရွက်စဥ် သောင်ကြီးကျေးရွာအနီးတွင် အကြမ်း ဖက်သမား PDF များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

       ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ပတ် ဝန်းကျင်ကို ရှင်းလင်းရာ အကြမ်းဖက် PDF များ၏ လက်လုပ်စိန်ပြောင်း ၃ လက်၊ လက်လုပ်သေနတ် ၂ လက် တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရပါသည်။

        ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG ၏ လမ်း ညွှန်မှုများကို အကောင်အထည်ဖော်ပေးနေသည့် ပြည်တွင်းအကြမ်းဖက်သောင်းကျန်သူများ သည် ယခုရက်ပိုင်းအတွင်း တပ်မတော်စစ် ကြောင်းများ၊ နယ် မြေလုံခြုံရေးအဖွဲ့များ၏ နယ်မြေရှင်းလင်းချေမှုန်းမှုများကြောင့် နေစဥ်နှင့်အမျှ အထိနာကာ ကိုယ်လွတ် ရုန်း၊ ကစဥ်ကလျားဆုတ်ခွာထွက်ပြေးနေကြရကြောင်း သိရပါသည်။

#PAN