“ပြင်သစ်နိုင်ငံအစိုးရက ယခုသီတင်းပတ်အတွင်း အာဖရိကနိုင်ငံများမှ အနုပညာရှင်များ နှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ပိတ်ပင်သွား ရန် ဆိုသော ဆုံးဖြတ်ချက် များအပေါ် ဝေဖန်မှုများ မြင့်တတ်ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံ ယဥ်ကျေးမှုဝန်ကြီးက ချေပပြောဆိုမှုများ ပြုလုပ်ခဲ့”

စက်တင်ဘာ ၁၆

ပြင်သစ်နိုင်ငံ သည် မာလီနိုင်ငံ၊ နိုင်ဂျာနိုင်ငံ၊ ဘာကီနာဖာဆိုနိုင်ငံ တို့ကြား ၎င်းတို့နိုင်ငံ၏ ချစ်ကြည်ရေး နှင့်ယဉ်ကျေးမှုများကို အဆက်အသွယ်ဖြတ်တောက်မည် မဟုတ်ကြောင်း ပြင်သစ်နိုင်ငံ ယဥ်ကျေးမှု ဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ ယဥ်ကျေးမှု ဝန်ကြီးက Burkina Faso၊ Mali နှင့် Niger နိုင်ငံ တို့နှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှုများကို ဖြတ်တောက်ရန် ရည်ရွယ်ထားခြင်း မရှိကြောင်းထုတ်ပြန်​ပြောကြား ခဲ့တာဖြစ်ပြီး ပြင်သစ် အစိုးရ၏ ၎င်းတို့နိုင်ငံအတွင်းရှိ ဖျော်ဖြေရေး လုပ်ငန်းများအား အာဖရိကနိုင်ငံများမှ အနုပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်မှု အားလုံးကို ပိတ်ပင်ရန် ယခုသီတင်းပတ်အတွင်း ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်များ အပေါ် ပြစ်တင်ဝေဖန်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာ ၁၅ရက် သောကြာနေ့က အောက်ပါအတိုင်း ထုတ်ပြန်ပြောကြား ခဲ့တာလည်း ဖြစ်ပါတယ်။

“ပြင်သစ်ဟာ အနုပညာရှင်တွေအတွက် အမြဲတမ်း ပွင့်လင်းပြီး ကြိုဆိုတဲ့နိုင်ငံပါ၊ ဒါကြောင့် ဒါက မူဝါဒပြောင်းတာမဟုတ်ပါဘူး။ ဒါဟာ အလွန်ဆိုးရွားတဲ့ လုံခြုံရေးအခြေအနေကို လိုက်လျောညီထွေဖြစ်စေရန် ရည်ရွယ်တာပါ”လို့ ပြင်သစ်နိုင်ငံ ယဉ်ကျေးမှုဝန်ကြီး Rima Abdul-Malak က ပြောကြားခဲ့တာ ဖြစ်ပါတယ်။