“ရုရှား-ယူကရိန်း စစ်ပွဲများအတွင်း ယူကရိန်းနိုင်ငံ၏ ဂျုံ ပင်လယ်နက်ကုန်သွယ်ရေး သင်္ဘောလမ်း ကြောင်းများကို ရုရှားက ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း EUအဖွဲ့ဝင် ၅နိုင်ငံကလည်း ယူကရိန်း ဂျုံတင်သွင်းမှုများကို ကန့်သတ်နိုင်ရန် သဘောတူညီမှုများကို ထပ်မံ ပြုလုပ်သွားဖွယ်ရှိနေ”

စက်တင်ဘာ ၁၅

ဘူလ်ဂေးရီးယားနိုင်ငံ သည် ယခုသီတင်းပတ် တွင် သက်တမ်းကုန်ဆုံးမည့် အရှေ့ဥရောပနိုင်ငံငါးနိုင်ငံ၏ ယူကရိန်းဆန်တင်သွင်းမှုအပေါ် တားမြစ်ချက်ကို သက်တမ်းတိုးနိုင်ရန် ပြီးခဲ့သည့် ကြာသပတေးနေ့က ဆုံးဖြတ်ခဲ့ ကြတာဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံ ကို ရုရှားနိုင်ငံက ကျူးကျော်ဝင်ရောက်လာမှု​အတွင်း ရုရှားနိုင်ငံက ရုရှား-ယူကရိန်း စစ်ပွဲမတိုင်မီက အသုံးပြုခဲ့သည့် ပင်လယ်နက်ကုန်သွယ်ရေး သင်္ဘောလမ်းကြောင်း များကို ပိတ်ခဲ့ပြီး အီးယူEU သည် ယူကရိန်းနိုင်ငံ ဂျုံ သို့မဟုတ် စပါးအတွက် အဓိက သယ်ယူပို့ ဆောင်ရေးလမ်းကြောင်းတစ်ခု ဖြစ်လာခဲ့ရ ပါတယ်။

သို့သော် ပြီးခဲ့သည့် ဇွန်လတွင် EU အဖွဲ့အစည်း သည်၎င်းတို့ အဖွဲ့ဝင်၅ နိုင်ငံသို့ ယူကရိန်းဆန်တင်သွင်းမှုကို ကန့်သတ်ရန် သဘောတူခဲ့ကြပြီး ပြည်တွင်းဈေးကွက်တွင် ဂျုံ ဈေးနှုန်းကျဆင်းလာမှုအတွက် သွင်းကုန်များအပေါ် အပြစ်တင်သော အဆိုပါ ၅နိုင်ငံအတွင်းရှိ တောင်သူလယ်သမားများကို အကာအကွယ်ပေးရန် ကြိုးပမ်းခဲ့ကြရပါတယ်။

အဆိုပါ အဖွဲ့ဝင်နိုင်ငံ၅နိုင်ငံမှာ ဘူလ်ဂေးရီးယားနိုင်ငံ၊ ဟန်ဂေရီနိုင်ငံ၊ ပိုလန်နိုင်ငံ၊ ရိုမေးနီးယားနိုင်ငံ နှင့် စလိုဗက်ကီးယားနိုင်ငံတို့ဖြစ်ကြပါတယ်။

ပိုလန်နိုင်ငံ အစိုးရကလည်း ယနေ့ သောကြာနေ့တွင် သက်တမ်းကုန်ဆုံးတော့မည့် ယူကရိန်းနိုင်ငံ ဂျုံ သို့မဟုတ် စပါး တင်သွင်းမှု တားမြစ်ချက်ကို သက်တမ်းတိုးရန် ပြီးခဲ့သည့် စက်တင်ဘာ ၁၂ရက်အင်္ဂါနေ့တွင် ဆုံးဖြတ်ခဲ့ပြီးလည်းဖြစ်ပါတယ်။

သို့သော်လည်း ဘူလ်ဂေးရီးယားနိုင်ငံ ပါလီမန်သည် “ယူကရိန်းနှင့် စည်းလုံး ညီညွတ်ရေး” နှင့် “စားနပ်ရိက္ခာဖူလုံမှုကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အာမခံချက်ပေးရန်” ခေါင်းစဥ်ဖြင့် အဆိုပါ တားမြစ်ချက်များကို အဆုံးသတ်ရန် ပြီးခဲ့သည့် စက်တင်ဘာ ၁၄ရက် ကြာသပတေးနေ့တွင် အဆိုပါ ဆုံးဖြတ်ချက်တစ်ရပ်အတွက် ဘူလ်ဂေးရီးယားလွှတ်တော်က ၁၂၄-၆၉ မဲဖြင့် မဲပေးခဲ့ကြတာလည်းဖြစ်ပါတယ်။

Brusselsနိုင်ငံ သည် ကန့်သတ်ချက်များကို သက်တမ်းတိုးရန် ဆုံးဖြတ်ပါက အလားတူလုပ်ဆောင်လိမ့်မည်လို့ ဟန်ဂေရီအစိုးက လည်းသတိပေးထားပါတယ်။

အခြားတစ်ဖက်တွင် ရိုမေးနီးယားနိုင်ငံသည် ဘရပ်ဆဲလ်နိုင်ငံ၏ ဆုံးဖြတ်ချက်ကို လိုက်နာမည်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

ဘူလ်ဂေးရီးယားနိုင်ငံသည် ၎င်း၏ဒေသတွင်း စိုက်ပျိုးရေး မျိုးစေ့များ ပြတ်လပ်မှုနှင့် ဈေးနှုန်းကြီးမြင့်မှုတို့ကို မကျေမနပ်ဖြစ်နေသော နိုင်ငံအတွင်း ကုန်ထုတ်လုပ် သူများစွာရှိနေတာလည်းဖြစ်ပါတယ်။