နောင်ချိုမြို့ နယ်တွင်ဆက်ကြေးကောက် ဓားပြတိုက်နေသော အကြမ်းဖက်သောင်းကျန်းသူ TNLA အဖွဲ့ကို တပ်မတော်စစ်ကြောင်းက သွားရောက်ရှင်းလင်း၊ အကြမ်းဖက် TNLA  ၂ ဦးကို လက်နက်ခဲယမ်းများနှ့အတူ အသေဖမ်းဆီးရမိ

စက်တင်ဘာ ၁၁

        ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ နယ်၊ ဟိုခိုကျေးရွာအနီးတွင် TNLA အကြမ်းဖက်သောင်းကျန်းသူများ ဆက်ကြေးကောက် ဓားပြတိုက်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်း ပေးပို့လာမှုကြောင့် တပ်မတော်စစ် ကြောင်းများက ယမန်နေ့ ညနေပိုင်းက သွား ရောက်ရှင်းလင်းရာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများ ကစဥ့်ကလျား ဆုတ်ခွာထွက်ပြေးသွားကြကြောင်းသိရသည်။

     အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာတဝိုက်ကို အသေး စိတ်ရှင်းလင်းရာ M – 4 သေနတ် ၂ လက်၊ ကျည် ၂၀၀ တောင့်၊ ကျည်အိမ်အဝိုင်း ၁ ခု၊ ကျည်ကာ ဦးထုပ် ၁ လုံး၊ ယူနီဖောင်း ၁ စုံ တို့နှင့်အတူ အကြမ်းဖက် TNLA  ၂ ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်းမှ စစ်သည် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN