“အမေရိကန်နိုင်ငံ အနောက်ဘက်အစွန်းပိုင်း ဟာဝိုင်အီးကျွန်းပေါ်ရှိ အကြီးမားဆုံး မီးတောင် တစ်ခု ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး အဆိုပါ မီးတောင် ဧရိယာအနီးတွင် အနီရောင် အဆင့် သတိပေးချက်များထုတ်ပြန်ထား”

စက်တင်ဘာ ၁၁

အမေရိကန်နိုင်ငံ အနောက်ဘက်အပိုင်းရှိ ဟာဝိုင်အီကျွန်းပေါ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအချိန်ကတွင် ဟာဝိုင်အီ ကျွန်း၏ အကြီးမားဆုံး မီးတောင် တစ်ခုဖြစ်သည့် Kilauea မီးတောင်ကြီးသည် ပြန်လည်ပေါက်ကွဲမှုများဖြစ်ပွားနေပြီး ချော်ရေပူများ ထွက်လာခဲ့ရတာ လည်းဖြစ် ပါတယ်။

အဆိုပါ မီးတောင်ပေါက်ကွဲမှု အဖြစ်အပျက်သည် အချိန်ကြာမြင့်စွာ ငလျင်လှုပ်ခတ်မှု ပြင်းထန်လာပြီးနောက်တွင် ဖြစ်ပေါ်ခဲ့ရတာဖြစ်ပြီး အမေရိကန် အခြေစိုက် U.S. Geological Survey ဌာနမှ မီးတောင်၏သတိပေးချက်အဆင့်သို့ တိုးမြှင့်သတိပေး ထားပြီး မီးတောင်ပေါက်ကွဲမှုနှင့်ဆက်စပ်သော အန္တရာယ်များကို အကဲဖြတ်နိုင်ရန်အတွက် သတိပေးထုတ်ပြန်ချက် အရောင်ကုဒ်ကို အနီရောင်အဖြစ်သို့ ပြောင်းလဲပေးခဲ့ရပါတယ်။

ဟာဝိုင်အီကျွန်းရှိ မီးတောင်များအား စောင့်ကြည့်လေ့လာရေးဌာနက ပြီးခဲ့သည့် စက်တင်ဘာ ၁၀ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် မီးတောင်ပေါက်ကွဲမှု စတင်ခဲ့ကြောင်း တရားဝင် သတင်းထုတ် ပြန်ခဲ့ပါတယ်လို့ သတင်းဌာနများက ဖော်ပြပြော ဆိုထားပါတယ်။