ဗန်းမောက်မြို့နယ်၊ နားယောကျေးရွာအနီးတွင် အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း သတင်းအရ နယ်မြေလုံခြုံရေးအဖွဲ့များက ရှင်းလင်းရာ ထိတွေ့တိုက်ပွဲဖြစ်ပွား၊အကြမ်းဖက် ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

စက်တင်ဘာ ၁၁

        ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် စစ် ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ နားယောကျေးရွာအနီးတွင် အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုကြောင့် နယ်မြေလုံခြုံရေးအဖွဲ့များက အဆိုပါ ကျေးရွာအနီးပတ်ဝန်းကျင်ကို သွားရောက်ရှင်းလင်းရာ အကြမ်းဖက်သောင်း ကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်း ကျန်းသူများ ကိုယ်လွတ်ရုန်း ဆုတ်ခွာထွက်ပြေးသွားကြကြောင်း သိရသည်။

      နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များက တိုက်ပွဲဖြစ်ပွားရာ နေရာဝန်းကျင်ကို ရှင်းလင်းရာ KIA/PDF အကြမ်းဖက် ၁ ဦးကို  အမ်-၄ သေ နတ် ၁ လက်၊ အမ်-၄ ကျည်အိမ် ၁ ခု၊ အမ်-၄ ကျည် ၁၀ တောင့်၊ အိုင်ကွန် ၁ လုံး တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

         စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အေးချမ်းစွာနေထိုင်လုပ်ကိုင် စားသောက်လိုကြသော ဒေသခံပြည်သူများက အကြမ်းဖက် PDF များ ၏ အကြမ်းဖက်လုပ်ရပ်များကို စိတ်ကုန်လာကြပြီး ၎င်းတို့ ၏သတင်းများကို နီးစပ်ရာလုံခြုံ ရေးအဖွဲ့များသို့ လျှို့ဝှက်ပေးပို့လာကြသဖြင့် နယ်မြေလုံခြုံရေးအဖွဲ့များက နယ်မြေရှင်း လင်းရာမှ ယခု ရက်ပိုင်းအတွင်း အကြမ်းဖက် PDF များနှင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားကာ လက်နက်ခဲယမ်းများနှင့်အတူ အကြမ်းဖက်သမားများကို အသေဖမ်းဆီးရမိမှုများ ရှိခဲ့ကြောင်း သိရပါသည်။

#PAN