“ပြင်သစ်သမ္မတ က အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် G20 ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးကြီးအား ရုရှား – ယူကရိန်း သံတမန်ရေးရာတိုးတတ်မှုများ မျှော်လင့်ရမည့်နေရာ မဟုတ်ကြောင်း ပြစ်တင်ရှုတ်ချ ပြောဆိုခဲ့”

စက်တင်ဘာ ၁၁

ပြင်သစ်နိုင်ငံ၏ သမ္မတ Emmanuel Macron က ကမ္ဘာပေါ်တွင်ဖြစ်ပွားနေသော နိုင်ငံတကာစီးပွားရေး ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် တည်ထောင်ခဲ့သည့် G20 အဖွဲ့အစည်းကြိီး သည် ရုရှား – ယူကရိန်းစစ်ပွဲတွင် သံတမန်ရေးရာတိုး တက်မှုများကို မျှော်လင့်ရမည့် နေရာမဟုတ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၁၀ရက် တနင်္ဂနွေနေ့က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထို့နောက် G20 အစည်းအဝေးကြီး၏ ကြေညာချက်များသည် ရုရှားနိုင်ငံအတွက် သံတမန်ရေးရာ အောင်ပွဲမဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။

“ဒီ G20 က ရုရှားရဲ့ အထီးကျန်မှုကို တစ်ဖန်အတည်ပြုပေးလိုက်တာပါ။ G20 အဖွဲ့ဝင်အများစုဟာယူကရိန်းစစ်ပွဲရဲ့အကျိုးသက်ရောက်မှုတွေကို ရှုတ်ချပါတယ်” လို့ Macron က G20 ဆိုင်ရာ ထိပ်သီးအစည်းအဝေးပိတ်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့တာ ဖြစ်ပါတယ်လို့ သတင်းဌာနများက ဖော်ပြပြော ဆိုထားကြပါတယ်။