ဗန်းမောက်မြိုနယ် ၊ နားယောကျေးရွာအနီး ဆက်ကြေးကောက်နေသော အကြမ်းအဖက်အဖွဲ့များကို တပ်မတော်စစ်ကြောင်းက ရှင်းလင်းချေမှုန်း

စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ၊ ဗန်းမောက်မြိုနယ် ၊ နားယောကျေးရွာအနီးမှာ ယမန်နေ့ ညနေပိုင်းက KIA/PDF အကြမ်းဖက်များဆက်ကြေးကောက်ရန်ရောက်ရှိနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ တပ်မတော်စစ်ကြောင်းများက သွားရောက်ရှင်းလင်းချေမှုန်းခဲ့ကြောင်းသိရပြီ အကြမ်းဖက်အလောင်းများနှင့် လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများသိမ်းဆည်းရရှိကြောင်း သိရပါသည်။

အဆိုပါအကြမ်းဖက်အဖွဲ့ထံမှ KIA/PDF အကြမ်းဖက် ၁ လောင်း၊ အမ်-၄ သေနတ် ၁ လက် ၊ အမ်-၄ ကျည်အိမ် ၁ ခု၊ အမ်-၄ ကျည် ၁၀ တောင့်၊ အိုင်ကွန် ၁ လုံး တိုအား သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါသည်။

၎င်းအကြမ်းဖက်အဖွဲ့များ ဆုတ်ပြေးရာသို့ တပ်မတေယ်စစ်ကြောင်းမှ လိုက်လံချေမှုန်းနေကြောင်း မြေပြင်သတင်းများအရ သိရှိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်းသိရှိရပါသည်။

#PAN