သြဂုတ် ၂၅
ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်က ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်၊ (၁၆)ရပ်ကွက်၊ သဲအင်းဂူဘုရားလမ်း၊ တိုးကြောင်ကလေးဘူတာရုံအနီး၊ ကျောင်းတိုက်ဝန်းအတွင်း၌ တည်ဆောက်ဆဲ နဂါးရုံဘုရားပြိုကျမှုဖြစ်ပွားပြီး အမျိုးသား တစ်ဦ အပျက်အစီးများ ပိမိမှုဖြစ်ပွားကြောင်း သတင်းရရှိသည်။
အခင်းဖြစ်ပွားရာ နေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အုပ်ချုပ်မှုယာဉ် ၁ စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ အထောက်အကူပြုယာဉ် ၂ စီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ရာ မွန်းလွဲ ၁၂ နာရီကျော် အချိန်တွင် အပျက်အစီးများအတွင်း ပိမိနေသူ အမျိုးသား ၁ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး မြို့ဦးလုလင်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် သင်္ဃန်းကျွန်း စံပြပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#PAN