ကြေးစားတပ်ဖွဲဝက်ဂ်နာအဖွဲခေါင်းဆောင် ပရီဂိုဇင်လေယာဉ်ပျက်ကျမှုကြောင့်သေဆုံး

ဩဂုတ် ၂၄

ရုရှားနိုင်ငံမော်စကိုမှ စိန့်ပီတာစဘတ်သိုထွက်ခွာလာသော စင်းလုံးငှားကိုယ်ပိုင်လေယာဉ်တစ်စီးသည် ဩဂုတ်လ ၂၃ ရက် ဗုဒ္ဓဟူးနေ့တွင်ပျက်ကျသွားပြီး ၎င်းတိုအနက် ဝက်ဂ်နာအဖွဲခေါင်းဆောင် ပရီဂိုဇင်လည်းပါဝင်သည်ဟု ရုရှားသတင်းဌာနများနှင့်မီဒီယာများကဖော်ပြခဲ့သည်။

အဆိုပါလေယာဉ်ပေါ်တွင် ခရီးသည် ၇ ဦးနှင့် လေယာဉ်အမှုထမ်း ၃ ဦးပါဝင်ပြီး ၁၀ လုံးသေဆုံးသွားကြောင်းပြောဆိုထားပြီး အတည်မပြုနိုင်သည့်သတင်းများအရ ဝက်ဂ်နာရဲ့ ထိတ်တန်း
အရာရှိကြီး (၇) ဦးအပါအဝင် ဒုတိယ အကြီးအကဲပါ သေဆုံးသွားကြောင်း ပြောဆိုနေကြသည်။

အဆိုပါလေယာဉ်ပေါ်၌ပါသွားသည့်ခရီးသည်စာရင်း၌ ဝက်ဂ်နာအဖွဲခေါင်းဆောင်ပရီဂိုဇင်၏နာမည်စာရင်းပါဝင်နေကြောင်း ရုရှားအာဏာပိုင်များကအတည်ပြုပြောကြားသည်။

လေယာဉ်ပျက်ကျမှုကြောင့်သေဆုံးသူ ၁၀ ဦးအနက် ၈ ဦး၏ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်း ရုရှားမီဒီယာများ၌ဖော်ပြထားသည်။

#PAN