သြဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ သဲနုပုံကျေးရွာအနီးတွင် အကြမ်းဖက် PDF များ ခိုအောင်နေကြောင်း တာဝန်သိပြည်သူများက လျှို့ဝှက် သတင်း ပေးပိုလာမှုအရ နယ်မြေခံလုံခြုံ ရေးပူးပေါင်းအဖွဲ့က သွားရောက်ရှင်းလင်းခဲ့ပါ သည်။
ထိုသို့ နယ်မြေခံလုံခြုံ ရေးပူးပေါင်းအဖွဲ့က သွား ရောက်ရှင်းလင်းရာ အကြမ်းဖက်သမား PDF များမှာ ရင်ဆိုင်တိုက်ခိုက်ခြင်းမရှိဘဲ ကိုယ်လွတ်ရုန်း ထွက် ပြေးသွားကြကြောင်း သိရပါသည်။
အဆိုပါ အကြမ်းဖက်သမား PDF များ ခိုအောင်းရာ နေရာကိုရှင်းလင်းရာမှ လက်လုပ်ရှော့တိုက်ဗုံးသီး ၁၄ လုံး၊ ဘာဂျယ်ယမ်းပျော့ ၅၀ ချောင်းပါ ၃၆ ထုပ်၊ ကန့်ဝါ ၁၀ ပိဿာခန့် ၁ ထုပ်၊သံဘောစိ ၅၀ လုံးပါ ၂၀ ထုပ်၊ သံဖောက်စက် ၂ လုံး၊ သံဖြတ်စက် ၂ လုံး၊ ဆိုင်ကယ်ဘက္ထရီ ၂ လုံး၊ ပြောက်ကျားယူနီဖောင်း ဘတ်တံဆိပ်မပါ ၄ စုံ၊ လျှပ်စီးမိုးကြိုးစာတန်းပါအလံနီ ၁ ခု၊ Skat အမျိုးအစားကားအဖြူရောင်(နံပါတ်မပါ) ၁ စီး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါ သည်။
အကြမ်းဖက်သမား PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို ပြည်သူများ ထောက်ခံမှုမရှိတော့ဘဲ စိတ်ကုန်လာကြသဖြင့် ၎င်းတို့၏ ခိုအောင်းရာနေရာများကို တပ်မတော် လုံခြုံရေးအဖွဲ့များသို့ ယခုလို လျှို့ဝှက် သတင်းပေးပို့မှုများ ပြုလုပ်လာကြသည်။
#PAN