ရပ်စောက်မြို့၊ မြို့ဦးရပ်ကွက်ရှိ sunlight တည်းခိုရိပ်သာ၌ မင်္သကာသူ ၄ ဦးကို နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးစစ်ဆေးရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ဩဂုတ် ၂၂

        ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့တွင် နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့မှ တာဝန်ရှိများသည် မြို့ပေါ်ရပ်ကွက်များကို ဧည့်စာရင်းလိုက်လံ စစ်ဆေးခဲ့ရာ မြို့ဦးရပ်ကွက်ရှိ sunlight တည်းခိုရိပ်သာ၌ မင်္သကာသူ ၄ ဦးကို ယနေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့သည်။

       အဆိုပါ ဖမ်းဆီးရမိသူများကို စစ်ဆေးရာ ၎င်းတို့ ထွက်ဆိုချက်များအရ လက်နက်ခဲယမ်းများ ရောင်းချမည့်သူ စိုင်းဝမ်းအား မြို့ဦးရပ် ကွက်ရှိ အိုးအိမ်ဝန်ထမ်းအိမ်ရာတွင် ဖမ်းဆီးရမိခဲ့သည်။
       ထို့အပြင် ၎င်း​တို့၏ ထွက်ဆိုချက်များအရ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာ အုပ်စု၊ ဆပ်သေကျေးရွာ၊ အမှတ်(၅)ရပ်ကွက်ရှိ ဦးစိန်အောင် နေအိမ်၌ လက်နက်ခဲယမ်းများ သိုဝှက်ထားကြောင်း ဖော်ထုတ်ချက်အရ ၎င်းနေအိမ်သို့ သွားရောက် ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ရှာဖွေစစ်ဆေးရာ ၎င်းနေအိမ်မှ MA-3 ၁ လက်၊ AK-47 ၂ လက်၊ M-4 ၁ လက်၊ MA-3 ကျည်အိမ် ၁ ခု၊ AK-47 ကျည်အိမ် ၄ ခု၊ M-4 ကျည်အိမ် ၁ ခု၊ ၅.၅၆ ကျည် ၈ တောင့်၊ ၇.၆၂ ကျည် ၆ တောင့်၊ ပြောက်ကျားဝတ်စုံ ၁၀ စုံ၊ ပြောက်ကျားဦးထုပ် ၁၀ လုံး၊ ခါးပတ်အကြီး ၉ ချောင်း၊ ပစ္စတိုအိတ် ၉ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN