


(ပြည်တွင်း) မတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာအုပ်စုတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်၌ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်အချို့ ပြိုကျပျက်စီးခြင်း၊ အမိုးလန်ပြီး ပျက်စီးခြင်းနှင့် လမ်းပေါ်သို့ သစ်ပင်များ လဲကျခြင်းတို့ ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်အပြီး သုံးခွမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက လဲကျနေသော သစ်ပင်များနှင့် အခြား ပျက်စီးမှုများကို ရှင်းလင်းဖယ်ရှားခြင်း လုပ်ငန်းများကို ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။