“ရွှေတိဂုံစေတီတော်ကြီးမှာ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းများအတွက် ဈေးပြိုင်တင်ဒါခေါ်ယူ”

(ပြည်တွင်း) ဇန်နဝါရီ ၅

ရွှေတိဂုံစေတီတော်ကြီးမှာ ၂၀၂၆ ခုနှစ်အတွင်း ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းများ အသုံးပြုရန် အတွက် ၂ လက်မပတ်လည် အရွယ်ရှိ ရွှေရာဆိုင်းပေါင်း ၂၅,၀၀၀ ကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် ဝယ်ယူရန်  စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ဈေးပြိုင်တင်ဒါခေါ်ယူထားကြောင်း သိရပါတယ်။

ဂေါကအဖွဲ့မှ ဈေးပြိုင်တင်ဒါစနစ်နဲ့ ဝယ်ယူတဲ့ ရွှေရာဆိုင်းများမှာ ၂ လက်မပတ်လည် မြန်မာ့ရိုးရာလက်မှု ရွှေဆိုင်း ၁၀,၀၀၀ နှင့် စက်မှုရွှေဆိုင်း ၁၅,၀၀၀ တို့ဖြစ်ပါတယ်။

အဆိုပါရွှေဆိုင်းရောင်းချလိုသူများအနေနဲ့ တင်ဒါ ပုံစံနှင့် လျှောက်လွှာများကို တစ်စုံလျှင် ၅၀,၀၀၀ ကျပ်နှုန်းနဲ့ လာမယ့်ဇန်နဝါရီလ ၅ ရက်မှ ၉ ရက်အထိ ဂေါပက အဖွဲ့ရုံး၊ ရွှေနှင့်ရတနာဌာနမှာ ရုံးချိန်အတွင်း လာရောက်ဝယ်ယူနိုင်ကြောင်း သိရပါတယ်။

အခုလိုလျှောက်ထားတဲ့ တင်ဒါများ ဖွင့်ဖောက်ရွေးချယ်ခြင်းကို ဇန်နဝါရီလ ၂၉ ရက် မွန်းလွဲ ၁ နာရီမှာ ရွှေတိဂုံစေတီတော်ကြီးရဲ့ ရင်ပြင်တော် တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

#PAN