“ဥရောပသမဂ္ဂအနေဖြင့် ရုရှားနိုင်ငံ၏ ပိုင်ဆိုင်မှုများကို ပြန်ပေးရလိမ့်မည်ဟု ပူတင် ပြော”

(နိုင်ငံတကာ) ဒီဇင်ဘာ ၂၀

ဥရောပသမဂ္ဂအနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခကိုအကြောင်းပြု၍ သိမ်းဆည်းထားသော ရုရှားနိုင်ငံ၏ ပိုင်ဆိုင်မှုများကို ပြန်ပေးရလိမ့်မည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် ကပြောသည်။

အလားတူ ဥရောပသမဂ္ဂအနေဖြင့် ရုရှားနိုင်ငံ၏ပိုင်ဆိုင်မှုများကို မထိသင့်ကြောင်း သို့မဟုတ်ပါက ဥရောပသမဂ္ဂ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည်ဖြစ်ကြောင်းနှင့် ခေတ်သစ်ဘဏ္ဍာရေးစနစ်၏ အခြေခံအုတ်မြစ်များ ကို ပျက်ယွင်းစေမည်ဖြစ်ကြောင်း ပူတင် က ဒီဇင်ဘာလ ၁၉ ရက်တွင် သတိပေးထားသည်။

ယူကရိန်းနိုင်ငံကို ထောက်ခံအားပေးသည့် အနောက်နိုင်ငံများသည် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားစဉ် ၎င်းနိုင်ငံများရှိ ရုရှားဗဟိုဘဏ်ကပိုင်ဆိုင်သော အမေရိကန်ဒေါ်လာဘီလီယံ ၃၀၀ ကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။ ပိုင်ဆိုင်မှုအများစုကို ဘယ်ဂျီယံနိုင်ငံအခြေစိုက် Euroclear ၌ ထားရှိခြင်းဖြစ်ကြောင်းသိရသည်။

https://positiveanglenews.com/2025/12/20/ရုရှားလုပ်-အော်ရက်ရှ်န/

PAN