“ယူကရိန်းပဋိပက္ခအဆုံးသတ်ရေး တောင်းဆိုချက် အပြောင်းအလဲမရှိကြောင်း သမ္မတ ပူတင် ပြောကြား”

(နိုင်ငံတကာ) ဒီဇင်ဘာ ၂၀

ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရေးအတွက် ရုရှားနိုင်ငံ၏ တောင်းဆိုချက်များမှာ အပြောင်းအလဲ မရှိကြောင်း ရုရှားသမ္မတ ပူတင် က ပြောကြားခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။

ရုရှားနိုင်ငံ၌ကျင်းပခဲ့သည့် နှစ်ကုန်သတင်းစာရှင်းလင်းပွဲတွင် ရုရှားသမ္မတ ပူတင် က ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးနှင့်ပတ်သက်၍ ရုရှား၏ရပ်တည်ချက်ကို အဆိုပါအတိုင်း အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

 ရုရှားနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း မိမိချမှတ်ခဲ့သည့်မူများကို အခြေခံ၍ ယူကရိန်းပဋိပက္ခကို အဆုံးသတ်ပေးရန် အသင့်ရှိကြောင်း သမ္မတ ပူတင် က ပြောကြားခဲ့သည်။

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး)၌ အဖွဲ့ဝင်အဖြစ် ပါဝင်ရေးရည်မှန်းချက်ကို ယူကရိန်းနိုင်ငံက စွန့်လွှတ်ခဲ့လျှင်၊ ရုရှားနိုင်ငံ၏ အချုပ်အခြာအောက် ထည့်သွင်းထားသော နယ်မြေများအဖြစ် ကြေညာထားသော နယ်မြေလေးခုကို ယူကရိန်းက စွန့်လွှတ်ပေးခဲ့လျှင် ယူကရိန်းပဋိပက္ခကို အဆုံးသတ်ပေးမည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင် က ၂၀၂၄ ခုနှစ် ဇူလိုင်လ တွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ရုရှားနှင့် ယူကရိန်းတို့ နှစ်နိုင်ငံအကြား လေးနှစ်ကျော်ကြာ ပဋိပက္ခကို အဆုံးသတ်ရေး အတွက် အမေရိကန်အစိုးရက ကြားဝင်ကြိုးပမ်းလျက်ရှိသည်။ သို့ရာတွင် နှစ်ကုန်သတင်းစာရှင်းလင်းပွဲ၌ သမ္မတ ပူတင် ၏ ပြောကြားချက်အရ ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရေးအတွက် သဘောတူညီချက်တစ်ရပ်ကို အချိန်တိုအတွင်း ရယူနိုင်မည့်အခြေအနေ မရှိသေးကြောင်း သိရသည်။

PAN