“တိုကျိုမြိုအောက်၌ ငလျင်လှုပ်ပါက လူပေါင်း ၁၈,၀၀၀ အထိသေဆုံးနိုင်ဟု ဂျပန်အစိုးရထုတ်ပြန်”

(နိုင်ငံတကာ) ဒီဇင်ဘာ ၂၀

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၏ အောက်ဘက်၌ လာမည့်ဆယ်စုနှစ်များအတွင်း အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်နိုင်ခြေရှိသောကြောင့် အဆိုပါငလျင်လှုပ်ခတ်ပါက လူပေါင်း ၁၈,၀၀၀ အထိ သေဆုံးနိုင်သည်ဟု ဂျပန်အစိုးရက ဒီဇင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

ယခုထုတ်ပြန်ချက်က တိုကျိုမြို့လယ်၏ တောင်ဘက်ပိုင်းကိုဗဟိုပြု၍ အင်အား ၇ ဒသမ ၃ မဂ္ဂနီကျူရှိ ငလျင်လှုပ်ခတ်နိုင်မှုအပေါ် ခန့်မှန်းတွက်ချက်ထားခြင်းဖြစ်သည်။

ယခုထုတ်ပြန်ချက်ပါ သေဆုံးနိုင်သည့်လူဦးရေသည် ၂၀၁၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ခန့်မှန်းခြေပမာဏ ထက် ၂၀ ရာခိုင်နှုန်းနည်းပါးလာကြောင်း၊ အကြောင်းရင်းမှာ ငလျင်ဒဏ်ခံ အဆောက်အအုံများကို တိုးမြှင့် တည်ဆောက်လာခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များကို တိုးမြှင့်လုပ်ဆောင်လာခြင်း ကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ထို့ပြင် အဆိုပါသဘာဝဘေးကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးအရ ပျက်စီးဆုံးရှုံးနိုင်မှုပမာဏသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၃၀ ဝန်းကျင်ရှိကြောင်း၊ ပြင်းအား ၇ မဂ္ဂနီကျုနှင့်အထက်ရှိသော ငလျင်များသည် လာမည့်နှစ်ပေါင်း ၃ဝ အတွင်း လှုပ်ခတ်လာနိုင်ကြောင်း၊ ထိုသို့လှုပ်ခတ်နိုင်ခြေမှာ ၇၀ ရာခိုင်နှုန်းဝန်းကျင် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟုသိရသည်။

PAN