ကျိုက်ထီးရိုးကို ယနေ့ ဘုရား ၄ သောင်းခန့်ရောက်ရှိနေ

(ပြည်တွင်း) ဒီဇင်ဘာ ၂၀

ဒီဇင်ဘာ ရုံးပိတ်ရာသီဖြစ်တဲ့ ဒီနေ့မနက်ပိုင်းကစပြီး ကျိုက်ထီးရိုးတောင်ပေါ်က ဘုရားရင်ပြင်တစ်ခုလုံးမှာ ဘုရားဖူးပြည်သူတွေနဲ့ပြည့်နေပါတယ်။

ဘုရားဖူးပြည်သူများပြားတာကြောင့် ဟိုတယ်နဲ့ တည်းခိုခန်းတွေပါပြည့်နေပြီး ညအိပ်ဘုရားဖူးတွေအနေနဲ့ ရင်ပြင်ပေါ်မှာအိပ်ရတဲ့အနေအထားအထိ များပြားတယ်လို့ဆိုပါတယ်။

“ဘုရားဖူးတွေ ခြင်္သေ့၂ကောင်ကစပြီး တိုးမပေါက်ဖြစ်နေတယ်ဗျ။

တောင်တက်ကားလည်း တစ်စီးဆင်းမှ တစ်စီးတက်တဲ့စနစ်ကို ကျင့်သုံးနေပါတယ်” ကျိုက်ထီးရိုးဆံတော်ရှင် တောင်တကိမော်တော်ယာဥ်အသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဆံတော်ရှင်ဂေါ်ပကအဖွဲ့ကတော့ ဘူရားဖူး ၄၀၀၀၀ ခန့်ရှိနေတယ်လို့ အတည်ပြုထားပါတယ်။

ရုံးပိတ်ရက်တွေရင်တောင် ဒီဇင်ဘာ ကျောင်းပိတ်ရက်တွေကိုရှိနေတာကြောင့် ဘုရားဖူးတွေ ဆက်များလာနိုင်ဖွယ်ရှိတယ်လို့ ရင်တော်အဆင်းမှာ စျေးရောင်းချနေသူတစ်ဦးကလည်းဆိုပါတယ်။

ကျိုက်ထီးရိုးတောင်တော်ကို မွန်ပြည်နယ်အစိုးရအဖွဲ့က ခရီးသွားလုပ်ငန်းအဖြစ်ဖော်ဆောင်ထားသလို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစလို့ ဆေးလိပ်ကင်းစင်ဇုန်အဖြစ်ပါ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

PAN