ကလောပန်းပွဲတော်ကို ပထမအကြိမ်အဖြစ် ၁၅ ရက်တိုင်တိုင်ကျင်းပမယ်

(ပြည်တွင်း) ဒီဇင်ဘာ  ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့က မောမြေဦးပန်းခြံမှာ ပထမအကြိမ် ပန်းပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိကျင်းပသွားမှာဖြစ်တယ်လို့ အုပ်ချုပ်ရေးအာဏာပိုင်တွေဆီက သိရပါတယ်။

အဆိုပါ ပန်းပွဲတော်ကို ဝင်ကြေးအခမဲ့နဲ့ စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ပြီး  ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်ကာ ကျင်းပတာဖြစ်တယ်လို့လည်း မောမြေဦး ပန်းခြံ တာဝန်ရှိသူဆီက သိရပါတယ်။

ကလောမြို့မောမြေဦးပန်းခြံ ပန်းပွဲတော်မှာ နိုင်ငံခြားဖြစ်ပန်းမျိုးစိတ်တွေအပါအဝင် ဒေသ ထွက်ပန်းမျိုးစိတ်တွေပါဝင်ပြီး သစ်ခွဥယျာဉ်နဲ့ ပန်းအမျိုးအစား အများအပြားတို့နဲ့ ပြသသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အဆိုပါပန်းပွဲတော်အတွင်းမှာရှိတဲ့ စာကြည့်တိုက်ကနေ စာအုပ်စာစောင်တွေကို အနား ယူရင်းဖတ်ရှုလေ့လာနိုင်သလို အလှဓာတ်ပုံတွေရိုက်ကူးဖို့ နေရာများစွာအပါအဝင် အားကစားလေ့ကျင့်ခန်း ပြုလုပ်နိုင်တဲ့ ကစားကွင်းတွေ ကလေးကစားကွင်းတွေ ဒေသထွက်အစားအစာတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။ အခုလိုစုံစုံလင်လင်နဲ့ စီမံဆောင်ရွက်ထားတာကြောင့် အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူတွေနဲ့ ပန်းချစ်သူတွေအနေနဲ့ ကလောမြို့ပန်းပွဲတော်ကို ဝင်ကြေးအခမဲ့နဲ့ လာရောက်လည်ပတ်အပန်းဖြေ‌ လေ့လာကြဖို့ ကလောမြို့ မောမြေဦး ပန်းခြံ တာဝန်ရှိသူတွေက ဖိတ်ခေါ်ထားပါတယ်။

#PAN