“ပုဂံ ရထားလမ်းမိုင်းခွဲခံရပေမယ့် ရထားကြန့်ကြာမှုမရှိပဲ ပုံမှန်ပြေးဆွဲနိုင်ခဲ့”


(ပြည်တွင်း) ဒီဇင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ ပုဂံ- ကျောက်ပန်းတောင်းရထားလမ်းပိုင်းအတွင်းမှာရှိတဲ့ စုတည်-တောင်ဇင်း ဘူတာအကြားက တံတားအမှတ် ၁၅၇ အနီးမှာ ရထားသံလမ်းမိုင်းခွဲခံရမှုဖြစ်ပွားခဲ့ပြီး သံလမ်း ပျက်စီးမှုဖြစ်ပွားခဲ့ပေမယ့် ရထားတွေ ပုံမှန်ပြေးဆွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။

ညောင်ဦးမြို့ နယ်၊ ပုဂံ-ကျောက်ပန်းတောင်းလမ်းပိုင်းအတွင်းက စုတည်ဘူတာနဲ့ တောင်ဇင်းဘူတာအကြားကို သံလမ်းပြေးယာဉ် RGC 103 နဲ့ ဒီဇင်ဘာ ၃ ရက်နေ့ မနက် ၈ နာရီ ၅၀ မိနစ်ခန့်မှာ သွားရောက်စစ်ဆေးရာမှာ မိုင်တိုင် ၃၈၁/၁၅-၁၆ ကြား ပေ ၂၀ အရှည်ရှိတဲ့ သံဘောင်တံတားအမှတ် ၁၅၇ အနီးမှာ PDF အကြမ်းဖက်အဖွဲ့တွေက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တာကြောင့် ရထားသံလမ်းအရှေ့ဘက်ခြမ်း သံလမ်းဖိနပ် ၁ ပေခန့် ပဲ့ထွက်ပျက်စီးနဲ့ ဇလီဖား(၃)တုံး ကျိုးပဲ့နေတာကိုတွေရှိရတဲ့အတွက် စုတည်-တောင်ဇင်း ရထားလမ်းပိုင်းကို နံနက် ၁၀ နာရီ ၁၆ မိနစ်ခန့်မှာ ယာယီပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။
မိုင်းပေါက်ကွဲမှု ဖြစ်စဉ်မှာ ရထားလမ်းနေရာကို လုံခြုံရေးတပ်ဖွဲ့တွေကက အဲ့ဒီနေ့မနက်ပိုင်းမှာပဲ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ပြီး မြန်မာ့မီးရထားဝန်ထမ်းတွေက လမ်းပိုင်းကိုအမြန်ဆုံး ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် သံလမ်းကို ဖြတ်တောက်လဲလှယ်ကာ အစားထိုးတပ်ဆင်ခြင်း၊ လမ်းပြုပြင်ခြင်းတွေ အမြန်ဆုံးပြုပြင်ဆောင်ရွက်ခဲ့တာကြောင့် မွန်းလွဲ ၂ နာရီ ၅၁ မိနစ်ခန့်မှာ လမ်းပိုင်းကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်ဖြစ်ပွားနေချိန်အတွင်း ရထားကြန့်ကြာမှုမရှိခဲ့ပဲ လမ်းပိုင်းအတွင်း အပတ်စဉ်ပြေးဆွဲနေတဲ့ ရန်ကုန်-ပုဂံ အမှတ်(၆၁)အဆန် လူစီးရထားနဲ့ အမှတ်(၆၂)အစုန် ပုဂံ-ရန်ကုန် လူစီးရထားတွေ ပုံမှန်အတိုင်းပြေးဆွဲနေတယ်လို့သိရပါတယ်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေအနေနဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစပြီး ယခု အချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးမှာ ရထားလမ်းနဲ့ ရထားဘူတာ နယ်မြေ အတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း(၈၃)ကြိမ်၊ ရထားတံတား/သံလမ်းတွေကို မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခြင်း(၁၇၉)ကြိမ်၊ ဘူတာအဆောက်အဦနဲ့ ဝန်ထမ်းနေအိမ်တွေကို မီးရှို့ ဖျက်ဆီးခြင်း(၁၆)ကြိမ် ကျူးလွန်ခဲ့ကြပြီး နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနဲ့ တွဲတွေ၊ ရထားလမ်းနဲ့ တံတားတွေ၊ ခရီးသည်တွေနဲ့ ကုန်စည်တွေ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီး ခရီးသွား ပြည်သူတွေရထားနဲ့ခရီးသွားလာရာမှာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက် အန္တရာယ်ကင်းရှင်းစွာနဲ့ လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး အခုလို အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြတာဖြစ်တယ်လို့ သိရပါတယ်။

PAN

Telegram»…
https://t.me/positiveanglenews