(ပြည်တွင်း) ဒီဇင်ဘာ ၃
ထိုင်းနိုင်ငံမြောက်ပိုင်းခရိုင်များမှာ အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ မဲပေးခွင့်မဆုံးရှုးစေရေး အတွက် အထွေထွေရွေးကောက်ပွဲအပိုင်း(၁)အတွက် ကြိုတင်မဲဆန္ဒပေးခြင်း ပထမနေ့ကို ချင်းမိုင်မြို၊ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ကြိုတင်မဲပေးခြင်းကို ဒီဇင်ဘာလ ၁ ရက် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ကြိုတင်မဲဆန္ဒပေးခြင်းကို ဒီဇင်ဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ လေးရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်များမှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ ထိုင်းနိုင်ငံရောက်မြန်မာများ ကြိုတင်မဲပေးနိုင်မှာဖြစ်ပြီး ၎င်းတိုအနေနဲ့ သံရုံးကို လူကိုယ်တိုင်လာရောက်တဲ့အခါ နိုင်ငံသားစိစစ်ရေးကတ်၊ မူရင်း/ မိတ္တူနှင့် နိုင်ငံကူးရလက်မှတ် မူရင်းတိုကိုလည်း ယူဆောင်လာရမည်ဖြစ်ကြောင်း ဘန်ကောက်မြို၊ မြန်မာသံရုံးက အသိပေးကြေညာထားပါတယ်။
#PAN

Telegram»…
https://t.me/positiveanglenews